BBC navigation

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်းကို ရုံးထုတ်

နောက်ဆုံး ရေးသားချိန် 29 စက်တင်ဘာလ 2012 - 16:49 GMT

ပေါလို ဂတ်ဘရီအေလာ အနေနဲ့ ကတော့ ဘာ လျှောက်လဲချက်မှ မပေးသေးပါ

ဗာတီကန်က ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ရဲ့ ဘဏ္ဍာစိုးဟောင်း ဖြစ်သူ ပေါလို ဂတ်ဘရီ အေလာ ကို ပုပ်ရဟန်းမင်းကြီး ရဲ့ ရုံး ကနေ လျှို့ဝှက် စာရွက် စာတမ်းတွေ ခိုးယူမှုနဲ့ စနေနေ့မှာ စတင် ရုံးထုတ်ခဲ့ ပါတယ်။

တရားစီရင်မှု စတင်တဲ့ နေ့မှာပဲ တရားရုံး ကနေ ပုပ်ရဟန်းမင်းကြီးက စေခိုင်းခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို သက်သေ အထောက် အထား အဖြစ် အသုံးပြုခွင့် မပေးဘူးလို့ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

ပေါလို ဂတ်ဘရီအေလာ အနေနဲ့ ကတော့ အခု အချိန်အထိ တရားရုံးမှာ ဘာ လျှောက်လဲချက်မှ မလုပ်သေးပါဘူး။

အစောပိုင်း တုန်းကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ စာရွက်စာတမ်း တချို့ သတင်းထောက် တယောက်ထံ ပေါက်ကြားသွားခဲ့တယ် ဆိုတာကို သူက ဝန်ခံခဲ့ပါတယ်။

အမှုကိုတော့ လာမယ့် အင်္ဂါနေ့ကို ရက်ချိန်း ထပ်ပေးလိုက်ပါတယ်။

တရားရုံး ကနေ အပြစ်ရှိကြောင်း တွေ့ရှိရင်တော့ သူဟာ အမြင့်ဆုံး ထောင်ဒဏ် ၄ နှစ် အထိ ကျခံရနိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။