BBC navigation

အာဖဂန်မှာ သေဆုံးသူ အမေရိကန်စစ်သား ၂၀၀၀ ရှိပြီ

နောက်ဆုံး ရေးသားချိန် 30 စက်တင်ဘာလ 2012 - 16:01 GMT

ဒီနှစ်ထဲ အာဖဂန် စစ်သားတွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် သေဆုံးသူ နိုင်ငံတကာ တပ်ဖွဲ့ဝင် ၅၀ ကျော်သွားပြီ

အာဖဂန် ပဋိပက္ခတွေ အတွင်း အမေရိကန် စစ်သားတွေ သေဆုံးရမှုဟာ အခုဆိုရင် အယောက် ၂၀၀၀ ရှိသွားပြီ ဆိုတာကို အမေရိကန် အရာရှိ တဦးက အတည်ပြု ပြောကြား လိုက် ပါတယ်။

အခုနောက်ဆုံး ဖြစ်ပျက်ခဲ့တဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် တဦးရဲ့ တန်ပြန် တိုက်ခိုက်မှု တခုကြောင့် သေဆုံးသွားတဲ့ အမေရိကန် စစ်သားတဦး ဟာ အယောက် ၂၀၀၀ မြောက် သေဆုံးသူ ဖြစ်ပါတယ်။

ဝါးဒက်ခ် ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သားတဦးနဲ့ အရပ်သားတဦး သေဆုံးသွားခဲ့ တာပါ။

ဒီနှစ်ထဲ အာဖဂန် စစ်သားတွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင် အရေအတွက်ဟာ အခုအချိန် အထိဆိုရင် အယောက် ၅၀ ကျော်သွားပြီ ဖြစ်ပါ တယ်။

အခုလို ကိုယ့်အတွင်း လူတွေရဲ့ တန်ပြန် တိုက်ခိုက်မှုတွေ များလာတာကြောင့် ဒီလ အစောပိုင်း ကတော့ နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အာဖဂန် တပ်ဖွဲ့တွေနဲ့ ပူးတွဲ ကင်းလှည့် တာတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။