BBC navigation

သမ္မတ ချာဗက်စ် နဲ့ အတိုက်အခံ ကတ်ပရီလေ အပြိုင်နွွှဲ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 00:46 GMT

သမ္မတ ဟူဂို ချာဗက်စ် နဲ့ အတိုက်အခံ ကိုယ်စားလှယ် မစ္စတာ ကတ်ပရီလေ

ဗင်နီဇွဲလား နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် တပတ် အလို အတိုက်အခံ ကိုယ်စားလှယ် Henrique Capriles ကို ထောက်ခံတဲ့ လူတွေနဲ့ Caracas မြို့တော်က လမ်းတွေပေါ်မှာ ပြည့်နှက် နေပါတယ်။

ထောင်သောင်းချီတဲ့ သူ့ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဟူဂိုချာဗက်စ်ရဲ့ မဖြည့်ဆည်းနိုင်ခဲ့တဲ့ ဂတိတွေ အပေါ် မစ္စတာ ကတ်ပရီလေက ပြစ်တင် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက မဲဆွယ်ပွဲ လုပ်နေတုန်း အတိုက်အခံ အရေး တက်ကြွ လှုပ်ရှားသူ သုံးယောက် အသတ်ခံလိုက်ရတာနဲ့ ပတ်သက်လို့ အမှန်တရား ဖော်ထုတ်ပေးဖို့ ကိုလည်း သူက တောင်းဆို လိုက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ သူသာ သမ္မတ အဖြစ် အရွေးခံမယ် ဆိုရင် အခုလို အကြမ်းဖက်မှု တွေကို ဖြေရှင်းပစ်မယ်လို့ ပြောပါတယ်။

သမ္မတ ရှာဗက်ဇ် ကတော့ လာမယ့် ခြောက်နှစ် သမ္မတ သက်တမ်း အတွက် သူသာ အနိုင်ရမယ် ဆိုရင် ဗင်နီဇွဲလားမှာ နက်ရှိုင်းတဲ့ ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးသွားမယ်လို့ ဂတိပေး ပြောကြားလိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။