BBC navigation

ဆီးရီးယား နိုင်ငံခြားရေး၀န်ကြီး စွပ်စွဲပြောကြား

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 23:35 GMT

လလလလ

သူတို့ နိုင်ငံက အကြမ်းဖက်မှု တွေကို အမေရိကန် ပြည်ထောင်စုနဲ့ လေးနိုင်ငံက အားပေး ထောက်ပံ့ နေတယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီး Walid al-Moualemက စွပ်စွဲ ပြောကြား လိုက်ပါတယ်။

အမေရိကန် ၊ ပြင်သစ် ၊ ကာတာ ၊ ဆော်ဒီ အာရေဗျ နဲ့ တူရကီ တို့က သမ္မတ အာဆက်ကို ဖြုတ်ချဖို့ ဆီးရီးယား သူပုန်တွေကို လက်နက်နဲ့ ငွေကြေး ထောက်ပံ့ပေးနေတယ်လို့ နယူးယောက် မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီးက ပြောသွားပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ကိုယ့်လူထုကို သနားညှာတာဖို့နဲ့ သူပုန်တွေကို ထိုးစစ်ဆင်နေတာကို လျော့ဖို့ ပန်ကြားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့လည်း မစ္စတာ မူလန် သွားရောက် တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

ဆီးရီးယား နိုင်ငံက မြို့ရွာတွေမှာလည်း မနေ့က အစိုးရနဲ့ သူပုန်တပ်တွေကြား တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေခဲ့ပြီး လူ၁၀၀လောက် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက သူပုန်တွေ ဖက်က ထပ်မံ ထိုးစစ်ဆင်ခဲ့တဲ့ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ အလက်ပို မြို့မှာ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။