BBC navigation

ဥရောပနျူဓာတ်အားပေး စက်ရုံတွေမှာ ပြဿနာတွေ ရှိနေ

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 01:00 GMT
eu_nuclear

ဥရောပက နျူဓာတ်အားပေးစက်ရုံတွေမှာ ပြဿနာတွေ ရှိနေ

ဥရောပတိုက် အတွင်းက နျူကလီးယား ဓာတ်အားပေး စက်ရုံ တွေမှာ ပြဿနာပေါင်း များစွာ ရှိနေပြီး အဲဒီ ပြဿနာ တွေကို ပြင်ဆင်ဖို့ အတွက် ဒေါ်လာ ဘီလီယံ ၃၀ လောက် ကုန်ကျ လိမ့်မယ်လို့ ယိုစိမ့် ထွက်လာတဲ့ နျူဓာတ်အားပေး စက်ရုံတွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်လို့ လေ့လာချက် အစီရင်ခံစာ မူကြမ်း တခုမှာ ဖော်ပြထားပါတယ်။

ဥရောပ ကော်မရှင်ကို တင်ပြမယ့် ဒီ အစီရင်ခံစာ မူကြမ်းထဲမှာ တချို့ နိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက် ကတည်းက လုပ်ဖို့ စီစဉ်ထား တာတွေကိုတောင် အခုထက်ထိ မလုပ်နိုင်သေး တဲ့ အကြောင်း ဖော်ပြ ထားပါတယ်။

ပြင်သစ် နိုင်ငံမှာ ဆိုရင် နိုင်ငံထဲမှာ ရှိသမျှ ဓာတ်ပေါင်းဖိုတွေ အားလုံး လိုလိုမှာ လိုအပ်ချက် တွေရှိနေတာကို တွေ့ရတယ်လို့ ဖော်ပြထား ပါတယ်။

ဥရောပ နျူကလီးယား လုံခြုံမှု အေဂျင်စီ ကလည်း ကော်မရှင်ကို အများပြည်သူတွေရဲ့ ယုံကြည်ချက်တွေကို လျော့ကျစေနိုင်မယ့် အသုံးအနှုန်းမျိုးတွေ မသုံးဖို့ ကိုတိုက်တွန်း ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။