BBC navigation

ဟောင်ကောင်မှာ လှေနှစ်စီး တိုက်လို့ လူ ၃၇ ဦး သေဆုံး

နောက်ဆုံး ရေးသားချိန် 2 အောက်တိုဘာလ 2012 - 15:26 GMT

ဟောင်ကောင် တောင်ဘက်ပိုင်း အသွား အလာ များလှတဲ့ ပင်လယ်ပြင်မှာ လှေနှစ်စီး တိုက်မိခဲ့ တာပါ

ဟောင်ကောင်က လမ်မာ ကျွန်းအနီး လှေနှစ်စီး ဝင်တိုက်မိလို့ လူ ၃၇ ဦး သေဆုံး သွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောဝန်ထမ်း ၆ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီး လိုက်ပါ တယ်။

ခရီးသည်တင် လှေတစီးနဲ့ အပန်းဖြေ လှေတစီး ပင်လယ်ပြင်မှာ ဝင်တိုက်မိခဲ့တာ ဖြစ်ပြီး၊ လူတွေရဲ့ အသက်ပါ သေဆုံးခဲ့တဲ့ ဒီဖြစ်ရပ်ကို အာဏာပိုင် တွေက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေ ပါတယ်။

ဟောင်ကောင် တောင်ဘက်ပိုင်း အသွား အလာများလှတဲ့ ပင်လယ်ပြင်မှာ လှေနှစ်စီး တိုက်မိခဲ့တာပါ။

အပန်းဖြေစီး လှေ နှစ်မြုပ်သွားတဲ့ အချိန်မှာတော့ လူတွေ အများအပြားဟာ ပင်လယ်ထဲ မြုပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် မီးရှူးမီးပန်း ဖေါက်ပွဲကို သွားကြည့်ဖို့ အတွက် အဲဒီလှေပေါ်မှာ ဟောင်ကောင် လျှပ်စစ် ကုမ္ပဏီက အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တင်ဆောင် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။