BBC navigation

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တရားရုံးချုပ်က အစိုးရကို ရှင်းလင်းချက်တောင်း

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 18:19 GMT
Dhaka police

နေရာ အနှံ့အပြားမှာ လုံခြုံရေးတွေကို တိုးချဲ့ ထားပါတယ်

ဘင်္ဂလား မြန်မာ နယ်စပ် ရာမူးနဲ့ ကော့ဆက် ဘဇား မြို့တွေမှာ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းတွေ တိုက်ခိုက် ခံခဲ့ရတာနဲ့ပတ်သက်လို့ တိုက်ခိုက်မှုတွေကို ဒေသ အာဏာပိုင်တွေက ဘာကြောင့် အကာအကွယ် မပေးနိုင်ခဲ့ တာလဲ ဆိုတာကို အစိုးရ အနေနဲ့ ရှင်းလင်းချက် ပေးဖို့ တရားရုံးချုပ် ကနေ တောင်းဆိုထား ပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်သူလို့ ယူဆရသူ ၁၆၉ ဦး ကိုတော့ ဖမ်းဆီး ထားတယ်လို့ သိရပြီး၊ ရာမူးမြို့နယ် ရဲချုပ်ကိုတော့ ရာထူးကနေ ရပ်ဆိုင်းထားလိုက် ပြီ ဖြစ်ပါတယ်။

အခု တိုက်ခိုက်မှုတွေကို ကြိုတင် စီမံ ပြုလုပ်တာ ဆိုတဲ့ အချက်အလက်တွေကို တွေ့ရကြောင်း အစိုးရဘက်က ပြောပါတယ်။

အခြေအနေ တွေကတော့ အေးအေး ဆေးဆေး ဖြစ်နေပြီ ဖြစ်ပြီး၊ တချို့ နေရာတွေမှာ ဆိုရင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗုဒ္ဓဘာသာ ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေ မှာတော့ အာဏာပိုင်တွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

ကော့ဆက် ဘဇား မြို့က ဘုန်းကြီးကျောင်း တခုမှာ ဆိုရင်လည်း လုံခြုံရေးတွေ အများအပြား ချထားတာကို တွေ့ရပါတယ်။

အခုလို လုံခြုံရေးတွေ တိုးချထား ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေဟာ ထပ်မံ အတိုက်ခိုက် ခံရမှာကို စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။