BBC navigation

ဆီးရီးယားက တူရကီဘက်ကို မော်တာနဲ့ပစ်

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 01:05 GMT
turkey_syria_agression

တူရကီဘက်ကို ဆီးရီးယားဘက် မော်တာကျည်နဲ့ ပစ်ခဲ့

ဆီးရီးယားနိုင်ငံ အတွင်းမှာ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၁၈ လ အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဆီးရီးယား ဘက်က ပစ်လိုက်တဲ့ မော်တာကျည်ကြောင့် တူရကီ နိုင်ငံသား ၅ ဦး သေဆုံး ခဲ့ရပြီး နောက်မှာ တူရကီ ဘက်က လက်နက်ကြီး တွေနဲ့ ဆီးရီးယား ထဲကို ပြန်လည် ပစ်ခတ်ခဲ့ ပါတယ်။

ဆီးရီးယား ဘက်က ပစ်လိုက်တဲ့ ကျည်ဟာ တူရကီ နိုင်ငံ အရှေ့တောင်ဘက်က အခ်ခါကာလေ နယ်စပ် မြို့ထဲက အိမ်တအိမ် ပေါ်ကို ကျရောက် ခဲ့တာ ဖြစ်ပါတယ်။ ဒီ တိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၃ ဦးနဲ့ မိခင် ဖြစ်သူတို့ သေဆုံး ခဲ့ရပါတယ်။ တူရကီ ဘက်က ပစ်ခတ်မှုကြောင့် ဘယ်နေရာတွေမှာ ထိမှန် ခဲ့တယ် ဆိုတာ ကိုတော့ မသိရသေး ပါဘူး။

ဆီးရီးယား ဘက်က ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေတယ်လို့ ပြောလိုက်ပြီး သေဆုံးခဲ့ရသူ တွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြား လိုက်ပါတယ်။

တူရကီ ဘက်က ဒီလို ဆီးရီးယား ဘက်က ပစ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ နေတိုး တို့ကိုလည်း တိုင်ကြား အသိပေး ထားခဲ့ပြီး ဖြစ်ပါတယ်။

တူရကီ ဒုတိယ ဝန်ကြီးချုပ်က နေတိုးဟာ အဖွဲ့ဝင် ဖြစ်တဲ့ တူရကီ ဘက်က ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

သူက ပြောကြားရာမှာတူရကီ နိုင်ငံထဲကို ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့ အတွက် တူရကီ နိုင်ငံသား တွေ အသက်ဆုံးရှုံး ခဲ့ရတဲ့ အကြောင်း၊ ဒီအတွက် နိုင်ငံတကာ ဥပဒေ အတိုင်း တုန့်ပြန်သွားမှာ ဖြစ်ကြောင်း၊ တူရကီဟာ နေတိုး အဖွဲ့ဝင်ဖြစ်ပြီး နေတိုး စာချုပ်အရ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ တိုက်ခိုက် ခံရတဲ့ အခါမှာ အဲဒီနိုင်ငံဘက်ကနေ ရပ်တည်ပေးသွား ရမှာ ဖြစ်တဲ့အကြောင်းနဲ့ တူရကီ နယ်မြေတွင်းကို တိုက်ခိုက်လို့ နိုင်ငံသားတွေ သေဆုံးရတဲ့ ဒီလို အဖြစ်မျိုးနဲ့ ရပ်တန့်ဖို့ ကာကွယ်မှုတွေ လုပ်သွားမှာ ဖြစ်ကြောင်းတွေကို ပြောကြား သွားခဲ့ပါတယ်။

တူရကီရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ နေတိုး အဖွဲ့ဝင် နိုင်ငံတွေက သံအမတ်တွေ ဘရပ်ဆဲလ် မြို့ မှာတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ သူတို့က ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆီးရီးယားကို ပြစ်တင် ပြောဆိုလိုက်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး နေတိုး အဖွဲ့ဝင် ဖြစ်တဲ့ တူရကီကို အခုလို တိုက်ခိုက်မှုမျိုးကို ချက်ချင်း ရပ်တန့်ဖို့ လည်း တောင်းဆိုလိုက်ပါတယ်။ အခုကိစ္စမှာ အမေရိကန် ပြည်ထောင်စု၊ ကုလသမဂ္ဂနဲ့ နေတိုးတို့ရဲ့ ထောက်ခံမှုတွေကို ရရှိထားပြီး ဖြစ်တယ်လို့လည်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခွင့်ရသူကတော့ ဆီးရီးယားက တူရကီနယ်စပ်မှာ အခုလို တိုက်ခိုက်မှု လုပ်ခဲ့တာဟာ ယုတ်မာမှု တဲ့ လုပ်ရပ် တခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။