BBC navigation

ဆီးရီးယားနိုင်ငံ ကားဗုံးကွဲမှု လူအများအပြားသေဆုံး

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 17:34 GMT
Syria Aleppo

တချို့ အဆောက် အဦးတွေလည်း အကုန်လုံး နီးပါး ပြိုကျ ပျက်ဆီး ကုန်ပါတယ်

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က အစိုးရ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ အတွင်း ကြီးမားတဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့တဲ့ အတွက် လူပေါင်း အနည်းဆုံး ၃၀ လောက် သေဆုံး သွားပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိသွားကြ ပါတယ်။

မြို့လယ် ရင်ပြင်ထဲ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ ရာမှာ ကြီးမားတဲ့ ချိုင့်ခွက်ကြီး တခု ဖြစ်ကျန်ရစ် ခဲ့ကာ အဆောက်အဦး တွေရဲ့ ရှေ့မျက်နှာစာတွေလည်း ရစရာ မရှိအောင် ပျက်စီးကုန် ပါတယ်။

တခြား အဆောက် အဦးတွေလည်း အကုန်လုံး နီးပါး ပြိုကျ ပျက်စီး ကုန်ပြီး၊ လူသေ အလာင်းတွေ ကိုတော့ စောင်နဲ့လုပ်ထားတဲ့ ထမ်းစင်မှာ တင်ပြီး သယ်ထုတ် သွား တာကို တွေ့ရပါတယ်။

ထိခိုက် သေဆုံးသူ အများစုဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။

အလက်ပိုမြို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက စလို့ အစိုးရနဲ့ သူပုန်တွေ အကြား အဓိက စစ်မြေပြင် ဖြစ်လာခဲ့ကာ၊ သူပုန်ဘက်နဲ့ အစိုးရဘက် ဆိုပြီး မြို့ဟာ နှစ်ခြမ်း ဖြစ်နေပါတယ်။

သူပုန်တွေဘက်ကတော့ အလက်ပိုမြို့ စစ်ပွဲကြီး စတင်နေပြီ ဖြစ်ကြောင်း ကြေညာထား တယ်လို့ ဘီဘီစီ သတင်းထောက် တဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။