BBC navigation

တူရကီကို လာမစမ်းဖို့ အာဒိုဝန်ပြော

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 00:41 GMT
_erdogan_turkey

တူရကီ ဝန်ကြီးချုပ် အာဒိုဝန်

တူရကီ ဝန်ကြီးချုပ် ရေဆက် တေယစ် အာဒိုဝန် က ဆီးရီးယားနဲ့ စစ် စတင် ဆင်နွဲဖို့ လုံးဝ အစီအစဉ် မရှိတဲ့ အကြောင်း ပြောလိုက် ပါတယ်။

ဒါပေမယ့် တူရကီ ရဲ့ သူ့နိုင်ငံသား တွေအပေါ် ကာကွယ် စောင့်ရှောက် သွားမယ့် သံန္နိဋ္ဌာန် ကိုတော့ လာပြီး မစမ်းဖို့ သတိပေး လိုက်ပါတယ်။

ဝန်ကြီးချုပ် အာဒိုဝန်က တူရကီ အနေနဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းတာကိုသာ လိုလားကြောင်း၊ စစ်ကို မလိုချင်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ဆီးရီးယားမှာ ၁ နှစ်ခွဲလောက် အတွင်းမှာ ပေးဆပ် ခဲ့ရတာတွေကို လည်းသတိပြုမိတဲ့ အကြောင်းနဲ့ တူရကီဟာ သူ့ရဲ့ နိုင်ငံသားတွေနဲ့ နယ်နမိတ်ကို ကာကွယ်နိုင်စွမ်း ရှိတဲ့ အကြောင်းနဲ့ ဘယ်သူမှ လာစမ်းလို့လည်း ရမှာမဟုတ်တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အဲဒီလို မပြောကြားခင်မှာ တူရကီ ပါလီမန်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ဖြစ်ခဲ့တဲ့ ဆီးရီးယား ဘက်က နယ်စပ်ကို ဖြတ်ကျော်ပြီး မော်တာကျည်နဲ့ လှမ်းပစ်လို့ တူရကီ နိုင်ငံသား လူ ၅ ဦး သေဆုံးခဲ့ရတဲ့ နောက်မှာ ဆီးရီးယား နဲ့ ပတ်သက်လို့ အင်အား သုံးသွားဖို့ အတည်ပြုပေး လိုက်ပါတယ်။

ဒီလို ခွင့်ပြုပေးထား တာဟာ ၁ နှစ် ကြာသက်တမ်း ရှိမှာ ဖြစ်ပြီး အဲဒီ ကာလ အတွင်းမှာ တူရကီ အစိုးရ အနေနဲ့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက် ပိုင်ခွင့်တွေ ပေးထားပါတယ်။

ဆီးရီးယားနဲ့ နယ်စပ် အနီးမှာ ရှိတဲ့ အခ်ကာလေ ရွာကို ဆီးရီးယား ဘက်က လှမ်းပြီး မော်တာကျည်နဲ့ ပစ်ခတ်ခဲ့ တာကို တုန့်ပြန်တဲ့ အနေနဲ့ တူရကီ ဘက်ကလည်း လက်နက်ကြီး တွေနဲ့ ဆီးရီးယား နိုင်ငံထဲ ပြန်ပြီး ပစ်ခတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။