BBC navigation

နယ်စပ် ကျော်ပြီး တိုက်ဖို့ တူရကီဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 14:56 GMT
Turkey

တူရကီ ပါလီမန်က အစိုးရကို လုပ်ပိုင်ခွင့် အပ်နှင်း လိုက်တာပါ

ဆီးရီးယား နိုင်ငံ ဖက်ကနေ မော်တာနဲ့ ပစ်ခတ် တိုက်ခိုက် မှုကြောင့် တူရကီ လူမျိုး ငါးဦး သေဆုံး ခဲ့ရ ပြီးတဲ့နောက်၊ ဆီးရီယား ပါလီမန် က တူရကီ စစ်တပ်ကို နယ်စပ် ကျော်ပြီး တိုက်ခိုက်မှုတွေ လုပ်ခွင့်ပြုဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက် အရ ဆီးရီးယား အစိုးရကို လိုအပ်ရင် နယ်စပ်ကို ကျော်ပြီး စစ်ရေးအရ အရေးယူ မှုတွေ လုပ်ဖို့ တနှစ်ကြာ ခွင့်ပေး လိုက်တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က Akcakale ဆိုတဲ့ တူရကီ ရွာကို တိုက်ခိုက် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တူရကီ စစ်တပ်က ဆီးရီးယား ဖက်ကို ညတွင်းချင်း လက်နက်ကြီး တွေနဲ့ ပစ်ပြီး ပြန်လည် တုံ့ပြန် ခဲ့ပါတယ်။

အခုပါလီမန် မဲခွဲ ဆုံးဖြတ်ချက်ဟာ စစ်ကြေညာဖို့ အတွက် မဟုတ်ဘဲ၊ နောက်နောင် ဒီလို မဖြစ်အောင် ဟန့်တားဖို့သာ ရည်ရွယ်တယ်လို့ တူရကီ ဒုတိယ ဝန်ကြီးချုပ် ကပြောပါတယ်။

ဆီးရီးယားနဲ့ တူရကီ နိုင်ငံနှစ်ခုကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြ တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ပြောပါတယ်။

နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာ နဲ့ နယ်မြေ ပိုင်နက်ချိုးဖောက်မှု တွေကို တခြား နိုင်ငံတွေနဲ့ အလားတူ ရှုတ်ချ ပါတယ်လို့ လည်း ရုရှနိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ နောက်နောင် ဒီလိုအဖြစ်မျိုး မဖြစ်အောင် တားဆီး ပါမယ် ဆိုတာကို လူသိရှင် ကြား ထုတ်ဖော် ပြောဖို့ သိပ်အရေးကြီး တယ်လို့ ရုရှ အစိုးရပိုင် ရုပ်မြင်သံကြားမှာ သူက ပြောကြား ခဲ့ပါတယ်။

ဒီအခြေအနေ တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မကြာခင် ဆွေးနွေးကြဖွယ် ရှိပါတယ်။

မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့(NATO)က ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စောစောပိုင်းမှာ တုန်းက ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။