BBC navigation

အဘူဟမ်ဇာနဲ့ အပေါင်းပါ လေးယောက်ကို အမေရိကန် ပို့လိုက်ပြီ

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 01:16 GMT

အစွန်းရောက် မူဆလင် ဗလီဆရာ Abu Hamza

ဗြိတိန်မှာ ရှိနေတဲ့ အစွန်းရောက် မူဆလင် ဗလီဆရာ အဘူ ဟမ်ဆာနဲ့ အပေါင်းပါ လေးယောက်ကို အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက်မှု စွဲချက်တွေနဲ့ တရားစီရင်နိုင်အောင် လေယာဉ်နဲ့ ပို့ပေးလိုက် ပါပြီ။

သူတို့ဟာ ဗြိတိန်မှာ နှစ်ပေါင်းများစွာ ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ရပြီးနောက် မနေ့က သောကြာနေ့ အစောပိုင်းတုန်း က လန်ဒန် တရားရုံးချုပ်က ချက်ချင်း အမေရိကန် ပြည်ထောင်စုကို လွှဲပေးဖို့ စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဟမ်ဇာရဲ့ ရှေ့နေက သူ့အမှုသည်ရဲ့ ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့ ဆိုပြီး ပြည်နှင်ဒဏ်ကို အယူခံ ၀င်ခဲ့ပေမယ့် ပယ်ချခံရပြီးတဲ့နောက် အခုလို တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

အခုလို မစ္စတာ ဟမ်ဇာ အပေါ် တရားစီရင်ချက်တွေကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

အော်ရီဂွန် ပြည်နယ်မှာ အကြမ်းဖက်မှု သင်တန်းပေးခဲ့တာ အပါအ၀င် တခြား စွဲချက်တွေနဲ့ အမေရိကန် ပြည်ထောင်စုက မစ္စတာ ဟမ်ဇာကို အလိုရှိနေတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။