BBC navigation

အိန္ဒိယ ဂင်္ဂါ လင်းပိုင် တွေ မျိုးတုန်းမယ့်အရေး ရင်ဆိုင် နေရ

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 16:45 GMT
အိန္ဒိယ

ဂင်္ဂါမြစ် ထဲ ညစ်ညမ်းမှု တွေ ပိုများလာနေ

အိန္ဒိယ နိုင်ငံ က ဂင်္ဂါ မြစ် နဲ့ သူ့ လက်တက် မြစ်ငယ် တွေ မှာ မျိုးတုန်းပျောက်ကွယ် သွားမှာ ကို စိုးရိမ်နေရတဲ့ လင်းပိုင် ငါးတွေ ရဲ့ အရေအတွက် ကို သဘာဝ တောရိုင်း တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ က လိုက်ကြည့်ပြီး ရေတွက် နေကြပါတယ်။


ပညာရှင်တွေ က သူတို့ ဆန်းစစ် မှု ကို ဥတ္တာပရာဒေ့ရှ် ပြည်နယ် အတွင်းမှာ စတင်လုပ်ဆောင် နေကြတာပါ။


လွန်ခဲ့တဲ့ ၇နှစ် သူတို့ နောက်ဆုံး စစ်တမ်းအရ အဲဒီ လင်းပိုင် အရေအတွက် ၆၀၀ လောက် ရှိခဲ့ပါတယ်။


ဒါပေမယ့် ဂင်္ဂါမြစ်နေ လင်းပိုင်ငါး အရေအတွက် အတော်မြန်မြန် လျော့နည်း လာနေပြီး ဒီလို နည်းလာတာ ဟာ ဆည်မြောင်း စီမံချက်တွေ၊ မြစ်ကြောင်း အတွင်း လှေ သင်္ဘောသွားလာမှု များလာတာ၊ မြစ်ရေ ညစ်ညမ်း လာတာ စတဲ့ အကြောင်းတွေ ကြောင့်လို့ ပညာရှင်တွေ ကပြောပါတယ်။

အခု ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား တွေ ရဲ့ စီမံချက် က စုစုပေါင်း ကီလိုမီတာ ၃၀၀၀ ကျော် ရှည်လျားတဲ့ ဂင်္ဂါ နဲ့ မြစ်လက်တက် တွေ ကို လိုက်ကြည့်ပြီး လင်းပိုင် တွေ ကို ရေတွက် ကြမှာဖြစ်ပြီး ၃ရက် လောက်ကြပါလိမ့်မယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။