BBC navigation

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်းကို ထောင်ဒဏ်ချမှတ်

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 15:31 GMT
Paolo Gabriele

ရိုမန်ကက်သလစ် အသင်းတော်ကြီးရဲ့ ဗဟို ဌာန မှာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှုတွေနဲ့ မကောင်းမှုတွေကို ဖေါ်ထုတ်ချင်

ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ရဲ့ ဘဏ္ဍာစိုးအဖြစ် တာဝန်ထမ်းခဲ့သူ ပေါင်လူ ဂဘရီ ရေလီ ကို ဘန်နာဒစ်ရဲ့ အခန်းထဲ ကနေ လျှို့ဝှက် စာရွက် စာတမ်းတွေ ခိုးယူမှုနဲ့ အပြစ် ရှိကြောင်း တွေ့ရှိ ရတဲ့ အတွက် ထောင်ဒဏ် သုံးနှစ် ချမှတ် လိုက်ပါတယ်။

ဒါပေမယ့်လည်း သူဟာ အရင်တုန်းက တစုံတရာ ပြစ်မှု ကျူးလွန် ခဲ့ခြင်း မရှိတဲ့ အတွက် တရားရုံး ကနေ သက်ညှာတဲ့ အနေနဲ့ ထောင်ဒဏ် တဝက် လျှော့ပေါ့ ပေးလိုက် တာကြောင့် သူဟာ ထောင် ၁၈ လသာ ကျခံရမှာ ဖြစ်ပါတယ်။

မစ္စတာ ဂဘရီ ရေလီက ရိုမန် ကက်သလစ် အသင်းတော်ကြီးရဲ့ ဗဟိုဌာနမှာ သူ့အဆို အဂတိ လိုက်စားမှု တွေနဲ့ မကောင်းမှုတွေ ရှိနေ ကြတယ် ဆိုတာကို ဖေါ်ထုတ် ချင်တာကြောင့် လျှို့ဝှက် အချက် အလက်တွေကို သတင်းထောက် တဦးထံ ပေးလိုက်တာ ဖြစ်တယ် ဆိုပြီး ဗာတီကန် တရားရုံးမှာ နောက်ဆုံး အနေနဲ့ ထွက်ဆို သွားတာ ဖြစ်ပါတယ်။

အဲဒီနောက် သိပ်မကြာခင် အချိန်ပိုင်းမှာပဲ သူ့ကို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ အမှုအတွက် တရားရုံး ကုန်ကျ စားရိတ်တွေ ကိုလည်း ပေးဆောင် ရမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး အနေနဲ့ ကတော့ မစ္စတာ ဂဘရီ ရေလီကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အလား အလာ အများကြီး ရှိနေ တယ်လို့ ဗာတီကန် ပြောခွင့်ရသူက ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။