BBC navigation

အဘူဟမ်ဇာကို အမေရိကန်မှာ ရုံးထုတ်ပြီ

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 00:48 GMT
_abu_hamza

အစွန်းရောက် မွတ်စလင် ဘာသာရေး ဆရာ အဘူဟမ်ဇာ

သောကြာနေ့က ဗြိတိန် ကနေ အမေရိကန် ကို တရား ရင်ဆိုင်ဖို့ ပို့ပေး လိုက်တဲ့ အစွန်းရောက် မွတ်စလင် ဘာသာရေး ဆရာ အဘူဟမ်ဇာကို အမေရိကန် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ ပါတယ်။

အဘူဟမ်ဇာကို အော်ရီဂွန် ပြည်နယ် အတွင်းမှာ စစ်သွေးကြွ သင်တန်း ပေးနိုင်ဖို့ စီစဉ်မှု တွေပါဝင်တဲ့ စွဲချက်တွေ တင်ထားတာ ဖြစ်ပေမယ့် သူ့ဘက်က ခုထက်ထိ လျှော်လဲချက် မပေးသေး ပါဘူး။

သူနဲ့အတူ အမေရိကန် ကို ပို့ပေးလိုက်တဲ့ တခြားလူ ၄ ဦးကတော့ အပြစ် မရှိကြောင်း လျှောက်လဲ ခဲ့ကြပါတယ်။

အဲဒီထဲက ၂ ဦးကို ပြည်ပမှာ ရှိတဲ့ အမေရိကန်တွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု နဲ့ လုပ်ငန်း တွေကို တိုက်ခိုက်ဖို့နဲ့ အမေရိကန် နိုင်ငံသား တွေကို သတ်ဖြတ်ဖို့ လျှို့ဝှက် ကြံစည်မှု တွေနဲ့ စွဲချက် တင်ထားတာ ဖြစ်ပါတယ်။

ကျန် ၂ ဦးကတော့ အာဖဂန် နစ္စတန်နဲ့ ချက်ချင်ညှာမှာ ရှိတဲ့ အကြမ်းဖက်သမား တွေကို အားပေး ကူညီမှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပြီး ကွန်နက်တီကပ် ပြည်နယ်မှာ တရားဆိုင်ရမှာ ဖြစ်ပါတယ်။

သူတို့ တွေဟာ အဲဒီ ပြည်နယ် အတွင်းမှာ အခြေစိုက် ထားတဲ့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း ဝက်ဘ်ဆိုက် ကနေ အကြမ်းဖက်သမား တွေအတွက် ရန်ပုံငွေနဲ့ လူသစ် စုဆောင်း တာတွေ လုပ်ခဲ့တယ် ဆိုပြီး စွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။