BBC navigation

လစ်ဗျား ၀န်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဖိအားပေးခံရ

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 01:10 GMT

ာာ

လစ်ဗျားနိုင်ငံမှာ အစိုးရ အဖွဲ့ ဖွဲ့ဖို့ ၀န်ကြီးချုပ် ရဲ့ ဒုတိယ နဲ့နောက်ဆုံး အကြိမ်မြောက် ကြိုးပမ်းချက် ကို ပါလီမန်က ပယ်ချတာ ခံရပြီးတဲ့နောက် သူရာထူးက နှုတ်ထွက်ပေးဖို့ ဖိအားပေးခံ ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ကဒါဖီ ရာထူးက ဖြုတ်ချ အသတ်ခံရ ပြီးတဲ့နောက် လက်ရှိ ၀န်ကြီးချုပ် Mustafa Abu Shagur ဟာ ပထမဆုံး ရွေးကောက် တင်မြှောက် ခံရသူ ဖြစ်ပါတယ်။

ပါလီမန်မှာ ၆၀ ရာနှုန်းကျော်က သူရဲ့ ခုနောက်ဆုံး အဆိုပြုချက်ကို အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။

လစ်ဗျား ပြည်သူ အများစုက နိုင်ငံမှာ လုံခြုံရေး ကိစ္စကို အဓိကထား ဖြေရှင်း ပေးစေလိုတဲ့ အချိန်မှာ အဖွဲ့အစည်းတွေကြား နိုင်ငံရေး အားပြိုင်မှုတွေကြောင့် ဒီပြသနာ ပေါ်ပေါက်လာရတာ ဖြစ်တယ်လို့ ထရစ်ပိုလီ မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။