BBC navigation

ဗင်နီဇွဲလား သမ္မတ ရွေးကောက်ပွဲ လူအများအပြား မဲလာပေး

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 01:22 GMT

ပြိုင်ဖက် Henrique Capriles နဲ့ မစ္စတာ ရှာဗက်စ်

ဗင်နီဇွဲလား နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာ လူအများအပြား မဲလာပေးခဲ့ကြပြီး ဟူဂိုရှာဗက်ဇ် အာဏာရယူခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်လေးနှစ် အတွင်း ဒါဟာ အကြိတ်အနယ် ပြိုင်ရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

တန်းစီနေစဲ လူတွေ များတာကြောင့် တချို့ မဲရုံတွေကို သတ်မှတ်ထားတဲ့ အချိန်ထက် ကျော်လွန်ပြီး ဖွင့်ပေးသွား မယ်လို့ သိရပါတယ်။

နောက်ခြောက်နှစ် သမ္မတ သက်တမ်းမှာ ဆိုရှယ်လစ် တော်လှန်ရေး ဆက်လုပ်သွားမယ်လို့ ပြောနေတဲ့ မစ္စတာ ရှာဗက်စ်က မြို့တော် Caracas ဆင်ခြေဖုံး နားက ဆင်းရဲသား အများစု နေထိုင်ရာ အရပ်မှာ သွားရောက် မဲပေးခဲ့ပါတယ်။

သူ့ အဓိက ပြိုင်ဖက် Henrique Capriles ကတော့ ကရာကတ်မြို့က လူချမ်းသာ ရပ်ကွက်မှာ သွားရောက် မဲပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဘယ်သူဘဲ နိုင်နိုင် အသိအမှတ်ပြု လက်ခံ သွားမယ်လို့ ကိုယ်စားလှယ် နှစ်ယောက်လုံးက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။