BBC navigation

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ကော့ဆက်ဘဇား သွား

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 14:56 GMT
Sheikh Hasina

ဝန်ကြီးချုပ် ရှိတ် ဟာဆီနား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဝင်တွေ တိုက်ခိုက်တာ ခံခဲ့ရတဲ့ ကော့ဆက် ဘဇား ခရိုင်ထဲက ရာမူးနဲ့ အခြား နေရာတွေကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနား ကိုယ်တိုင် တနင်္လာနေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာ ဒီဒေသမှာ ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် ပထမဆုံး လာရောက် တာဖြစ်ပြီး အခု ခရီးစဉ်မှာ ကျင်းပတဲ့ လူထု အစည်းအဝေးပွဲကိုလည်း နိုင်ငံရေးပါတီတွေ၊ ဘာသာပေါင်းစုံ ကလူတွေ တက် ရောက်ကြပါ တယ်။

ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း၊ ပြစ်မှု ကျူးလွန်သူတွေကိုလည်း ရှာဖွေ ဖမ်းဆီးပြီး အရေးယူ နိုင်မယ်လို့ မျှော်လင့်တယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနားက ပြောခဲ့ကြောင်း ရာမူးမှာ သွားရောက်သတင်းယူ နေတဲ့ ဘီဘီစီသတင်းထောက် Akbar Hossain က ပြောပါတယ်။

အစိုးရအနေနဲ့ ငွေရေးကြေးရေး အရရော၊ ပြန်လည် တည်ဆောက်ရေး မှာရော ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးနဲ့ ဘုရားကျောင်း ကန်တွေကို ပြန် တည်ဆောက် ပေးမယ်ဆိုတာကို ဝန်ကြီးချုပ်က သေသေ ချာချာ ပြောခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သုံးလေးရက်လောက်ထဲမှာတော့အ ခြေအနေဟာ လုံး ဝအေးဆေး တည်ငြိမ်နေပြီး ဒီနေရာမှာ ခုချိန်အထိ စစ်တပ်ရော၊ အရံတပ် ရင်းတွေရော ချထားတာ တွေ့ရကြောင်း၊ ရဲတွေကလည်း မြို့ထဲမှာ ကင်းလှည့်နေပြီး ဘုရားတွေ ကျောင်းတွေမှာ စစ်တပ်က စောင့်ကြပ် ပေးနေကြောင်း သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကတော့ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်နေကြဆဲ ဖြစ်ပြီး ဒီစစ်တပ်တွေ အနေနဲ့ ဘယ်လောက် ကြာကြာ လုံခြုံရေး ပေးထားနိုင်မလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ကြ တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။