BBC navigation

မက္ကဆီကို မူးယစ်ခေါင်းဆောင် တဦးကိုအသေမိ

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 01:05 GMT
mexico_lazcano

မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် လတ်ဇ်ကာနို

မက္ကဆီကို နိုင်ငံမှာတော့ အရက်စက်ဆုံး မူးယစ် ဆေးဝါး ဂိုဏ်းကြီး တခုရဲ့ ခေါင်းဆောင်ကို ရေတပ် ကမ်းတပ် တပ်ဖွဲ့ဝင် တွေက အသေ ရမိခဲ့ ပါတယ်။

ဒါပေမယ့် နာရီပိုင်း အတွင်းမှာပဲ သူ့ရဲ့ ရုပ်အလောင်းကို လက်နက်ကိုင်ထားသူ တွေက ခိုးယူ သွားခဲ့ပါတယ်။

စေတပ်စ် မူးယစ်ဆေးဝါး ဂိုဏ်းကို ခေါင်းဆောင်ခဲ့တဲ့ ဟီရီဘာတို လတ်ဇ်ကာနိုဟာ မက္ကဆီကို နိုင်ငံ မြောက်ပိုင်းက ကိုဟွီလာ ပြည်နယ် ထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးသွား ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို အသုဘချဖို့ စီစဉ်ပေးတဲ့ နေရာကနေ ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ အစိုးရ တပ်ဖွဲ့တွေကို လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ညွှန်ကြားခဲ့တဲ့ မက္ကဆီကို သမ္မတ ဖာနန်ဒို ကောလ် ဒါရွန်ကတော့ ဒီဂိုဏ်းခေါင်းဆောင် လတ်ဇ်ကာနိုကို သုတ်သင် နိုင်ခဲ့တဲ့ ရေတပ်ကို ဂုဏ်ပြု ချီးမွန်းလိုက်ပါတယ်။

သူက အခုဆိုရင် အာဏာပိုင် တွေဘက်က နိုင်ငံထဲမှာရှိတဲ့ အန္တရာယ် အများဆုံး မူးယစ် ဂိုဏ်းခေါင်းဆောင် ၂၅ ယောက်ကို ဖမ်းဆီး သုတ်သင် နိုင်ခဲ့ပြီး ဖြစ်တယ်လို့ လည်းပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။