BBC navigation

အိုဘားမား နိုင်ငံခြားရေး မူဝါဒ ရော်မနေဝေဖန်

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 01:02 GMT

ရီပါ့ဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေ

အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံခြား ရေးရာ မူဝါဒနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားကို ရီပါဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေက ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောကြား လိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ အိုဘားမား သမ္မတ စဖြစ်ခဲ့တဲ့ ကာလတုန်း ကထက် ပိုပြီး ကြီးထွား လာနေတယ်လို့ မစ္စတာ ရွန်မနေက ဆိုပါတယ်။

သမ္မတ အိုဘားမားရဲ့ ခေါင်းဆောင်မှုဟာ နောက်ကောက်ကျနေပြီး ကမ္ဘာတလွှားက ဖြစ်ပျက်သမျှတွေမှာ အိုဘားမားရဲ့ မှားယွင်း တွက်ဆမှုကြောင့် တိုင်းပြည်က စုပုံခံ နေရတယ် ၊ တလောတုန်းက လစ်ဗျားမှာ အမေရိကန် သံအမတ် အသတ်ခံရမှုဟာ အလျဉ်းသင့်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်ဘဲ အယ်ကိုင်းဒါးတွေရဲ့ လက်ချက် ဖြစ်တယ် လို့ ဗာဂျီးနီးယား ပြည်နယ် မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် မဟာမိတ်တွေနဲ့ ပေါင်းပြီး အမေရိကန် တွေအပေါ် ယုံကြည် အားကိုးတဲ့ ဆီးရီးယား အတိုက်အခံတွေကို လက်နက် တပ်ဆင်ပေးမယ် လို့ သူက ကတိပေး ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ အစ္စရေး ဘေးဖယ်ထားတဲ့ အတွက် အမေရိကန်ရဲ့ ရန်သူတွေ အထူးသဖြင့် အီရန်ကို ပိုပြီး ခေါင်းထောင် လာစေတယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။