BBC navigation

အီဂျစ်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ပေး

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 00:57 GMT

လက်ရှိ သမ္မတ မိုဟာမက် မော်စီ

အီဂျစ်နိုင်ငံမှာ ဟော်စနီ မူဘာရက်ကို ရာထူးက ဖြုတ်ချတုန်းက ထောက်ခံ ပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရသူ အားလုံးကို လက်ရှိ သမ္မတ မိုဟာမက် မော်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

အဲဒီ အရေးတော်ပုံ စဖြစ်ခဲ့တဲ့ မနှစ်က ဇန္နဝါရီလကနေ သမ္မတ မော်စီ အာဏာစရခဲ့တဲ့ ခုနှစ် ဇွန်လအတွင်း အဖမ်းခံထားရသူ အကုန်လုံး ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျုံးဝင်တာ ဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေ လွတ်မြောက် လာတော့မှာ ဖြစ်ပါတယ်။

လူသတ်မှု ကျူးလွန်တဲ့သူတွေက လွဲလို့ ထောင်ဒဏ် စီရင်ချက် ကျခံနေရတဲ့ လူတွေနဲ့ လက်ရှိ တရားအမှု ရင်ဆိုင်နေရသူတွေ အားလုံး ဒီလွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ ပါတယ်လို့ သမ္မတ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ကြေညာထားပါတယ်။

ရာထောင်ချီတဲ့ လူတွေကို လွတ်ပေးပြီးကာမှ ကျန်တဲ့လူတွေကို အခုလို တော်တော်ကြာမှ သမ္မတက ပြန်လွှတ်ပေးတာဟာ အံ့သြဖို့ ကောင်းတယ်လို့ ကိုင်ရိုမြို့က ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။