BBC navigation

လန့်စ်အမ်းစထရောင်း တားမြစ်ဆေးသုံးတဲ့ကိစ္စနဲ့ ဆိုင်တဲ့ အစီရင်ခံစာထွက်

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 00:36 GMT
armstrong

စက်ဘီးချန်ပီယံ လန့်စ်အမ်းစထရောင်း

အမေရိကန် ပြည်ထောင်စုက အားကစား လောက အတွင်း တားမြစ် ဆေးဝါး သုံးစွဲမှု တိုက်ဖျက်ရေး အေဂျင်စီက စက်ဘီး ချန်ပီယံ အားကစား သမား လန့်စ် အမ်းစထရောင်းဟာ အင်မတန် တိကျပြီး အဆင့်မြင့်တဲ့ တားမြစ် ဆေးဝါး စစ်ဆေးမှု တွေကို သူ့နည်း သူဟန်နဲ့ ကျော်လွှား နိုင်ခဲ့ တယ်လို့ စွပ်စွဲ လိုက်ပါတယ်။

အမ်းစထရောင်းနဲ့ သူ့ရဲ့ အသင်းနဲ့ ပတ်သက်တဲ့အထောက် အထားတွေဟာ ပြည့်စုံပြီး ငြင်းလို့မရဘူးလို့ လည်း အဲဒီ အေဂျင်စီက ပြောပါတယ်။

သူတို့ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၁၀၀၀ကျော် ရှိတဲ့အစီရင် ခံစာထဲမှာ အမ်းစထရောင်းရဲ့ အရင်က အသင်းဖော် အာကစား သမား ၁၁ ဦးက သူနဲ့ ပတ်သက်တဲ့ ထွက်ဆိုချက် တွေလည်း ပါဝင်ပါတယ်။

အခုတော့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ် တခုဖြစ်တဲ့ ယူစီအိုင်က အမ်းစထရောင်းရဲ့ တိုးဒါဖွန့်စ် စက်ဘီး ချန်ပီယံဆု ၇ ခုစလုံးကို ရုပ်သိမ်းပယ်ဖျက် ပစ်တော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

အမ်းစထရောင်း ကိုယ်တိုင်က ဒီစွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ ငြင်းဆိုထားပေမယ့် ပြန်လှန် ချေပမှုတွေတော့ မလုပ်ခဲ့ပါဘူး။

သူ့ရဲ့ ရှေ့နေ ရွှန်ဘရီန်း ကတော့ ဒီအစီရင်ခံချက် တွေဟာ တဘက်စောင်းနင်း ဆန်လှတယ်လို့ ပြောပါတယ်။

သူက ပြောကြားရာမှာ အုပ်ချုပ်ရေး ပိုင်းက ငွေသန်းပေါင်းများစွာ သုံးစွဲပြီး လူတဦးတယောက်ကို ပစ်မှတ်ထားတာ၊ နောက်ပြီး အဲဒီလူက အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အတွင်းက ရပိုင်ခွင့် တွေနဲ့ အတိုင်း ခုခံ ချေပ ပိုင်ခွင့် မရ ခဲ့တာမျိုးဟာ မတရား ဘူးလို့ ပြောကြား သွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။