BBC navigation

Pussy Riot အဆိုတော် တဦး ပြန်လွတ်

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 17:35 GMT
Russia

သူတို့ လုပ်ရပ်ဟာ နိုင်ငံရေး လှုပ်ရှားမှုသာ ဖြစ်တယ်လို့ဆို

ရုရှနိုင်ငံမှာ ထောင်ဒဏ် အပြစ်ပေး ခံထားရတဲ့ Pussy Riot, Punk တေးဂီတ အဖွဲ့ဝင် အမျိုးသမီး ၃ ဦးအနက် တဦးကို ပြန်လွှတ်ပေးဖို့ အယူခံ တရားရုံးက ဆုံးဖြတ်လိုက် ပါတယ်။

Yekaterina Samutsevich အပေါ် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ထားတာကို ပယ်ဖျက် လိုက်ကြောင်း တရားသူကြီးက ကြေညာ လိုက်တဲ့အခါ အမျိုးသမီး သုံးဦးက ဝမ်းမြောက် ဝမ်းသာနဲ့ အချင်းချင်း ပွေ့ဖက် အားပေးခဲ့ ကြပါတယ်။

မော်စကို မြို့လယ်ကောင် မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း တခုမှာ ဝန်ကြီးချုပ် ဗလာဒီမျာ ပူတင် ကို ဆန့်ကျင်တဲ့ သီချင်း ဆိုခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီး ခဲ့တာဖြစ်ပြီး ခုပြန်လွှတ် ပေးလိုက်တဲ့ အမျိုးသမီးဟာ သီချင်း မဆိုရ သေးခင် ဘုရားကျောင်း ထဲကနေ ဆွဲထုတ် သွားတာ ခံခဲ့ရတယ် လို့ သူ့ရှေ့နေ က လျှောက်လဲခဲ့ ပါတယ်။

ပြန်လွှတ်လာတဲ့ Yekaterina Samutsevich က သူတို့လုပ်ရပ်ကြောင့် ခရစ်ဘာသာဝင် တွေအပေါ် တစုံတရာ ထိခိုက်မှု ရှိတယ်ဆိုရင် တောင်းပန်ကြောင်းနဲ့၊ သူတို့ လှုပ်ရှားမှုဟာ နိုင်ငံရေး လှုပ်ရှားမှုသာ ဖြစ်ပြီး ဘာသာရေးကို ဆန့်ကျင်တာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

နောက်အမျိုးသမီး ၂ ဦး ကိုတော့ ပေးထားတဲ့ ပြစ်ဒဏ် တွေကို ဆက်လက် ကျခံ စေဖို့ တရားရုံးက ဆုံးဖြတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။