BBC navigation

တူရကီတိုက်လေယာဉ်တွေက ဆီးရီးယား လေယာဉ်ကို ဆင်းခိုင်း

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 00:40 GMT
_turkey_plane

တူရကီက ဆင်းခိုင်းခဲ့တဲ့ ဆီးရီးယား လေယာဉ်

ဆီးရီးယား အစိုးရအတွက် လက်နက်တွေ တင်ဆောင်လာ တယ်လို့ ယူဆပြီး ဆီးရီးယား လေကြောင်းပိုင် လေယာဉ် တစင်းကို တူရကီ တိုက်လေယာဉ် တွေက အန်ကာရာ လေဆိပ်မှာ ဆင်းသက်ခိုင်း ခဲ့ပါတယ်။

တူရကီ တာဝန်ရှိသူတွေက မော်စကို မြို့ကနေ ပျံသန်းလာတဲ့ ဒီလေယာဉ် ထဲကို ရှာဖွေ စစ်ဆေး ခဲ့ကြပါတယ်။

အဲဒီလို ရှာဖွေရာမှာ ဘာတွေ တွေ့တယ်ဆိုတာကိုတော့ မပြောခဲ့ဘဲ ကုန်တင်ခန်း ထဲမှာ ပါတဲ့ ပစ္စည်း တချို့ကိုတော့ ဆက်လက် စစ်ဆေးမှုတွေ လုပ်သွားဖို့ သိမ်းဆည်း ခဲ့တယ်လို့ သာ ပြောခဲ့ပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမက် ဒါဗူတိုဂလူက လေယာဉ်ကုန်တင်ခန်း ထဲက ပစ္စည်း တချို့ကို သိမ်းဆည်း ခဲ့တယ်လို့ ပြောခဲ့ပြီး ဒေသတွင်း မီဒီယာတွေကတော့ အဲဒီ ပစ္စည်းတွေဟာ ဆက်သွယ်ရေး ပိုင်းနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ ဖြစ်နိုင် တယ်လို့ ဆိုကြပါတယ်။

အစောပိုင်းကတော့ ဝန်ကြီး အာမက် ဒါဗူတိုဂလူက တူရကီ အနေနဲ့ ဆီးရီးယား အစိုးရအတွက် လက်နက်တွေကို တူရကီ လေပိုင်နက်ကနေ ဖြတ်ပြီး တင်ပို့လို့ မရအောင် တားဆီးသွားမယ့် အကြောင်း ကို ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။