BBC navigation

လိုအပ်ရင် အင်အားပိုသုံးမယ်လို့ တူရကီဆို

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 17:41 GMT
Turkey

နယ်စပ်မှာ ချထားတဲ့ တပ်တွေကို စစ်ဆေးစဉ် ပြောခဲ့

ဆီးရီးယား ဖက်ကနေ နယ်စပ်ကို ဖြတ်ကျော်ပြီး ပစ်ခတ် မှုတွေကို ဆက်လုပ်မယ် ဆိုရင် ပိုမို ပြင်းထန်တဲ့ တုံ့ပြန်မှု တွေကို လုပ်ရ လိမ့်မယ်လို့ တူရကီ စစ်တပ် အကြီးအကဲက ပြောလိုက် ပါတယ်။

တစ်ပတ်ကြာ ဖြစ်ပွား ခဲ့တဲ့ နယ်စပ်ကို ကျော်ပြီး ပစ်ခတ်မှု တွေကို တူရကီ ဖက်က လက်တုန့်ပြန် ခဲ့ပြီ ဖြစ်ပြီး၊ လိုအပ်ရင် အင်အား ပိုသုံးမှာ ဖြစ်တယ်လို့ တူရကီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Necdet Ozel က ပြောပါတယ်။

တူရကီ ကျေးရွာ တခုကို မော်တာ ကျည်ဆံ ကျရောက် ပေါက်ကွဲ ခဲ့လို့ အရပ်သား ငါးဦးသေ ဆုံး ခဲ့ရပြီး တဲ့နောက် ဆီးရီးယား နယ်စပ်မှာ ချထားတဲ့ စစ်တပ် တွေကို သွားရောက် စစ်ဆေး စဉ်မှာ သူက အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

NATO မြောက် အတ္တလန္တိတ် စာချုပ် အဖွဲ့ ကလည်း တကယ်လို့ ဆီးရီးယားနဲ့ တိုက်ခိုက် မှုတွေဟာ နယ်စပ်ကို ကျော်လွန် ဖြစ်ပွား လာမယ် ဆိုရင် တူရကီကို ခုခံ ကာကွယ် ပေးဖို့ အသင့် ရှိကြောင်း အင်္ဂါနေ့ တုန်းက ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။