BBC navigation

မောင်းသူမဲ့လေယာဉ် သူတို့လွှတ်တာလို့ ဟဇ်ဘိုလာပြော

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 23:32 GMT
isreal_drone

မောင်းသူမဲ့လေယာဉ်ကို အစ္စရေးက ပစ်ချစဉ်

လက်ဘနွန်က ရှီယာလှုပ်ရှားမှု အဖွဲ့ ဟဇ်ဘိုလာ ရဲ့ အကြီးအကဲ ဟာဆန် နာ့စရာလာက ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက အစ္စရေး လေပိုင်နက် ထဲကို မောင်းသူမဲ့ လေယာဉ် စေလွှတ်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အီရန်က ပြုလုပ်ပေးထားတဲ့ ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်ကို အရေးကြီးတဲ့ အဆောက်အအုံ တွေရှိတဲ့ အနားကို စေလွှတ်ခဲ့တဲ့ အကြောင်း နဲ့ အဲဒီ လေယာဉ်ဟာ အစ္စရေးရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ရှိရာ ဒီမိုနာ အရပ်မှာ ပစ်ချ ခံခဲ့ရတဲ့ အကြောင်းကို ပြောပါတယ်။

ဆက်လက်ပြီး ပြောကြား သွားရာမှာတော့ ဟဇ်ဘိုလာ အနေနဲ့ အစ္စရေးထဲက ဘယ်နေရာ ကိုမဆို လက်လှမ်းမှီနေပြီ ဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။

ဘီဘီစီ ရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် ကတော့ ဒီလို အစ္စရေး လေပိုင်နက် ထဲကို မောင်းသူမဲ့ လေယာဉ် ကျူးကျော် ဝင်ရောက်ခဲ့ခြင်းဟာ ဖြစ်ခဲလှတဲ့ ဖြစ်ရပ် တခုလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။