BBC navigation

ဆီးရီးယားလေယာဉ်ပေါ်မှာ စစ်ဘက်သုံးပစ္စည်းမျိုးတွေ့

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 23:38 GMT
turkey_plane_

တူရကီက ဆင်းခိုင်းပြီး ရှာဖွေခဲ့တဲ့ ဆီးရီးယားလေယာဉ်

တူရကီ ဝန်ကြီးချုပ် ရေဆက် တေယစ် အာဒိုဝန်က တူရကီက အန်ကာရာ လေဆိပ်မှာ ဗုဒ္ဓဟူးနေ့က ဆင်းသက်ခိုင်းခဲ့တဲ့ ဆီးရီးယား လေယာဉ်ဟာ ဆီးရီးယား စစ်တပ် မှာ သုံးဖို့ အတွက် စစ်လက်နက် ပစ္စည်းတွေ သယ်လာ ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ အာဒိုဝန်က နိုင်ငံတကာ ဥပဒေ တွေအရ ခရီးသည်တင် လေယာဉ် ပေါ်မှာ သေနတ်တို့ လက်နက်ခဲယမ်း တို့ စသဖြင့် ကာကွယ်ရေး နဲ့ဆိုင်တဲ့ ပစ္စည်းတွေ မသယ်ယူရလို့ တားမြစ် ထားတဲ့ အကြောင်းနဲ့ ဆီးရီးယား လေယာဉ်ကို ရှာဖွေ စစ်ဆေး ခဲ့ကြတဲ့ အခါမှာ အဲဒီလို ပစ္စည်းတွေ တွေ့ခဲ့ရတဲ့ အကြောင်း ကို ပြောကြား သွားခဲ့ပါတယ်။

တူရကီ ကဒီလေယာဉ် မှာ စစ်လက်နက် တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားတာကို ချိုးဖောက်ပြီး လက်နက်တွေ သယ်လာနိုင်တယ်လို့ သံသယ ရှိလို့ လေယာဉ်ကို ကြားကဖြတ်ပြီး ဆင်းသက်စေခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား ဘက်ကတော့ မစ္စတာ အာဒိုဝန်ဟာ လိမ်ညာပြောနေတာ လို့ ဆိုလိုက်သလို အခုလုပ်ရပ်ဟာလည်း ဓားပြတိုက်တဲ့ သဘောပဲလို့ ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက တူရကီ လေတပ်က တိုက်လေယာဉ် တွေက အခုလို ဆီးရီးယား ခရီးသည် တွေပါလာတဲ့ လေယာဉ်ကို ကြားက ဖြတ်ဆင်းခိုင်း ခဲ့တာဟာ လေယာဉ်ပေါ် ပါတဲ့ ခရီးသည်တွေ အတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။