BBC navigation

ဘုရားစေတီတွေကို ဗုံးခွဲဖို့ ကြံစည်သူ ၃ ဦးကို ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 16:35 GMT

ဘီဟား ပြည်နယ် ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်း ကြားပြီး မဟာဗောဓိမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားမယ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ နဲ့ ဘီဟား ပြည်နယ် ဗုဒ္ဓဂယာက မဟာဗောဓိ စေတီတော်မှာ ဖောက်ခွဲမှုတွေ လုပ်ဖို့ စီစဉ်နေသူ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင် ၃ ယောက်ကို ဖမ်းမိ ခဲ့တယ်လို့ နယူး ဒေလီရဲမှူးကြီး နီရက်(ဂျ) ကူမာရ်က သတင်း ထုတ်ပြန် လိုက်ပါတယ်။

ရဲက စစ်ဆေး မေးမြန်းချက်တွေ အရ သူတို့ဟာ မကြာခင် ကျင်းပ တော့မယ့် ဟိန္ဒူ ဘာသာရေး ပွဲတော် ကာလတွေ အတွင်း ဖောက်ခွဲမှုတွေ လုပ်ဖို့ အစီ အစဉ် ရှိတဲ့ အကြောင်း ထုတ်ဖော် ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ၃ ယောက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက အိန္ဒိယ တောင်ပိုင်း ပူးနေးမြို့မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု တွေမှာ ပါဝင် ပတ်သက် သူတွေလည်း ဖြစ်တယ်လို့ သိရ ပါတယ်။

သူတို့ကို အခုလို ဖမ်းမိလိုက်တာကြောင့် သူတို့နဲ့ ဆက်စပ် သူတွေကိုလည်း ဆက်လက် ဖေါ်ထုတ် ဖမ်းဆီးနိုင်မယ့် အကြောင်းနဲ့၊ ဘီဟား ပြည်နယ် ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်း ကြားပြီး မဟာဗောဓိမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားတဲ့ အကြောင်း ဒေလီရဲက သတင်းထောက် တွေကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။