BBC navigation

အီဂျစ်သမ္မတက ရှေ့နေချုပ်ကို ဆက်ခန့်ထား

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 23:48 GMT
abdel_maguid_mahmoud

အီဂျစ် အစိုးရ ရှေ့နေချုပ် အဗ်အဲလ် မာဂျစ် မာမုဒ်

အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက အစိုးရ ရှေ့နေ ချုပ်ကို တာဝန်ကနေ ရပ်ဆဲဖို့ ကြိုးစား ခဲ့ပြီး နောက်မှာ အခုတော့ ပြန်လျှော့ပေးပြီး ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ပေးလိုက် ပါတယ်။

အစိုးရ ရှေ့နေချုပ် အဗ်အဲလ် မာဂျစ် မာမုဒ်နဲ့ သမ္မတ မော်ဆီတို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ အပြီးမှာ အခုလို ကြေညာလိုက်တာ လည်း ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင် ကတော့ ရှေ့နေချုပ်ဟာ သမ္မတ မော်ဆီရဲ့ တာဝန်ကနေ နုတ်ထွက်ဖို့ အမိန့်ကို အာခံလို့ အလုပ်သွား ခဲ့ပါသေးတယ်။

အရင် သမ္မတ ဟော်စနီ မူဘာရက်ရဲ့ သစ္စာခံ လူ ၄၀ ကျော်ကို ပြီးခဲ့တဲ့ နှစ်က လူထု အုံကြွမှု အတွင်း ဆန္ဒပြသူ တွေကို တိုက်ခိုက် ခဲ့တယ်ဆိုပြီး စွဲဆိုထားတဲ့ အမှုကနေ တရားရုံးက တရားသေ လွှတ်ပေး လိုက်အပြီးမှာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က မစ္စတာ မော်ဆီကနေ ရှေ့နေချုပ် ကို တာဝန်ကနေ ဖယ်ရှားပစ်ဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။