BBC navigation

မာလီကို ပြည်ပတပ်တွေ စေလွှတ်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 01:02 GMT

မာလီက အစ္စလာမ် ဝါဒီ သူပုန်တပ်တွေ

မာလီ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်တဲ့ အတွက် ပြည်ပတပ်တွေ မာလီကို စေလွှတ်ကူညီပေးဖို့ နီးစပ်လာပါပြီ။

မာလီမှာ ပြီးခဲ့တဲ့ မတ်လတုန်းက အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံမြောက်ဖက်မှာ အစ္စလာမ် ဝါဒီ သူပုန်တွေ သောင်းကျန်းနေတာကို နှိမ်နင်းရအောင် အနောက် အာဖရိက နိုင်ငံတွေကနေ ၄၅ ရက်အတွင်း တပ်သား သုံးထောင် စေလွှတ်ဖို့ ပြင်သစ်က ဉီးဆောင် လှုပ်ရှားခဲ့တဲ့ ဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ တိုက်တွန်း ထားပါတယ်။

အစ္စလာမ် ဝါဒီတွေ ဝန်းရံနေတဲ့ မြောက်အာဖရိက ဒေသတွင်း လုံခြုံ တည်ငြိမ်ရေးကို စိုးရိမ်လို့ အခုလို စီစဉ်ရတာပါလို့ ပြင်သစ် သမ္မတ မစ္စတာ အိုလွန်းက ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ မာလီ အစိုးရနဲ့ သူပုန်တွေကြား အများ ယုံကြည် လက်ခံနိုင်လောက်တဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ စကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။