BBC navigation

ဆီးရီးယားနဲ့တူရကီ အရေး ကုလကိုယ်စားလှယ် ကြားဝင်မယ်

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 15:49 GMT
Lakhdar Brahimi

တူရကီ ဘက်က အမြင်တွေကို နားထောင်ဖို့ ရှိပြီး တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ မှာ ဖြစ်ပါတယ်

ကုလသမဂ္ဂ နဲ့ အာရပ် အဖွဲ့ချုပ် တို့ရဲ့ ဆီးရီးယား ဆိုင်ရာ အထူးသံတမန် လက်ခ်ဒါ ဘရာဟီမီ ဟာ တူရကီ နဲ့ ဆီးရီးယား နှစ်နိုင်ငံ အငြင်းပွား နေကြတဲ့ အခုလို ကာလမှာ ပဲ တူရကီ မြို့တော်မှာ တူရကီ အစိုးရပိုင်းနဲ့ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။

မစ္စတာ ဘရာဟီမီ ဟာ ဖြစ်နေတဲ့ ၂ နိုင်ငံ ဆိုင်ရာ အကျပ်အတည်း အရေး နဲ့ ပတ်သက်ပြီး တူရကီ ဘက်က အမြင်တွေကို နားထောင်ဖို့ ရှိပြီး သူ ဟာ တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမက် ဒါဗူတို ဂလူ နဲ့ တွေ့ဆုံ စကားပြောမှာပါ။

ဆီးရီးယားဘက်က နယ်စပ် ကျော်ပြီး အမြောက်တွေ နဲ့ ပစ်ခတ် ခဲ့လို့ တူရကီ အရပ်သား ၅ ဦး အရင် သီတင်းပတ် တုန်းက သေဆုံးသွား ခဲ့ပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်း ကတော့ ဆီးရီးယားကို ဦးတည် ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်ကို တူရကီက သူတို့ လေပိုင်နက်မှာ ကြားဖြတ်ပြီး အတင်း ဆင်းခိုင်းခဲ့ ပါတယ်။

သူတို့ အဆိုအရ ဒီခရီးသည် လေယာဉ် ပေါ်မှာ ဆီးရီးယား အစိုးရ စစ်တပ် အတွက် ရုရှားလုပ် စစ်ဘက် ဆိုင်ရာ ပစ္စည်းတွေ ရှာဖွေတွေ့ ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယား ကတော့ ယုတ္တိ မရှိ တာတွေ လာမပြောနဲ့ သက်သေ အထောက် အထား ပြပါလို့ ဆိုနေပါတယ်။ ဆီးရီးယား ဘက်က အတိုက်အခံ လှုပ်ရှား တက်ကြွသူတွေ ကလည်း စစ်ပွဲတွေ ပြည့်နေတဲ့ အလက်ပို မြို့ က အစိုးရ လေတပ် စခန်း တခု ကို သူတို့ သိမ်းထားနိုင်ပြီ လို့ သောကြာနေ့က ကြေညာပါတယ်။

အခုလို ကာလမှာ ကုလသမဂ္ဂ ကိုယ်စားလည်ဟာ တူရကီကို ရောက်ရှိလာပြီး စနေနေ့မှာပဲ တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံမှာပါ။

ဆီးရီးယား သမ္မတ ဘာရှားအယ် အာဆတ် ကလည်း တူရကီဟာ ဆောဒီအာရေဗျ နဲ့ ကာတာ နိုင်ငံတွေ လိုပဲ ဆီးရီးယား သူပုန်တွေကို လက်နက် ထောက်ပံ့ နေတယ် လို့ စွပ်စွဲ ထားပါတယ်။ တူရကီ နဲ့ အဲဒီ နိုင်ငံတွေ ဘက်ကတော့ ဒီလို စွပ်စွဲချက်တွေ အပေါ် ပယ်ချ ထားပါတယ်။

မစ္စတာ ဘရာဟီမီဟာ ဆော်ဒီ အစိုးရ အရာရှိတွေ နဲ့လည်း တွေ့ဆုံထားပြီး ဖြစ်သလို၊ နောက် သီတင်းပတ် ထဲမှာ ဒမတ်စကပ် ကို သွားမယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။