BBC navigation

ဗြိတိသျှ မရိန်းတပ်သား ၅ ဦး လူသတ်မှုနဲ့ ဖမ်းဆီးခံရ

နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2012 - 15:41 GMT

ဒီ လူသတ်မှု ဖြစ်ရပ်ဟာ ဟဲလ်မန်း ပြည်နယ်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်

ဗြိတိသျှ တော်ဝင် မရိန်း တပ်ဖွဲ့ဝင် ငါးဦးကို အာဖဂန် သူပုန်တွေကို သတ်ဖြတ်မှုနဲ့ တရား စွဲဆို လိုက်ပါတယ်။

ရဲကနေ အမျိုးသား တဦးရဲ့ ကွန်ပြူတာကို တခြား အမှုကိစ္စ တခုနဲ့ စစ်ဆေး ကြည့်ရှုမှုတွေ ပြုလုပ် နေတုန်း အခုလို သံသယ ဖြစ်ဖွယ် ဗီဒီယို မှတ်တမ်း တခုကို တွေ့ရှိ ခဲ့တာကြောင့် ဒီမရိန်း တပ်ဖွဲ့ဝင် ငါးဦးနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို ပြီးခဲ့တဲ့ အပတ်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဒီ လူသတ်မှု ဖြစ်ရပ်ဟာ ဟဲလ်မန်း ပြည်နယ်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး အရပ်သားတွေ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

၂၀၀၁ ခုနှစ်က အာဖဂန် စစ်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း ဗြိတိသျှ တပ်ဖွဲ့ဝင်တွေ အခုလို လူသတ်မှုနဲ့ စွဲချက် တင်ခံရတာဟာ ဒါပထမဆုံး ဖြစ်မယ်လို့ ယူဆရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။