BBC navigation

နိုင်ဂျီးရီးယား ပစ်ခတ်မှု လူအများအပြား သေဆုံး

နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2012 - 15:04 GMT

နိုင်ဂျီးရီးယား နိုင်ငံ မြောက်ဘက်ပိုင်း ကန်ဒူနာ ပြည်နယ်က ရွာတရွာမှာ သေနတ် သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀ လောက် သေဆုံး သွားတယ် လို့ နိုင်ဂျီးရီးယား အရာရှိ တွေက ပြောပါတယ်။

မနက် အရုဏ်တက် အချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာကြောင့် သေဆုံးခဲ့ရသူ အများစုဟာ ဗလီထဲက လူတွေ ဖြစ်ကြ ပါတယ်။

ဒေသခံ ဓားပြဂိုဏ်း တခု ကနေ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ သတင်း ပြန်ကြားရေး ကော်မရှင်နာ မင်းကြီး ဆာအိဒူ အဒါမူ က ဘီဘီစီကို ပြောပါတယ်။

ဓားပြဂိုဏ်းကို တိုက်ဖျက်ဖို့ အတွက် ဒေသခံတွေက နိုးနိုးကြားကြားနဲ့ ကင်းလှည့် စောင့်ကြည် နေမှုတွေကို တုံ့ပြန်တဲ့ အနေတဲ့ အခုလို တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဒီဓားပြဂိုဏ်း ဟာ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ ပြူလုပ်နေကျ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။