BBC navigation

လေထီးခုန်သမား စံချိန်သစ်တင်

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 00:46 GMT

၃၉ ကီလိုမီတာ အမြင့်ကနေ လေထီးခုန် စံချိန်တင် လိုက်တဲ့ ဖဲလစ် ဘမ်ဂါ့ထ်နာ

သြစတြီးယား လေထီးခုန် သမား Felix Baumgartner ဟာ ၃၉ ကီလိုမီတာ အမြင့်ကနေ လေထီးခုန်ချပြီး ကမ္ဘာ့ စံချိန်သစ် တင်သွားခဲ့ပါတယ်။

မစ္စတာ ဘမ် ဂါ့ထ်နာဟာ သူ့မျိုးရိုး စဉ်ဆက်ထဲမှာ ပထမဆုံး အသံရဲ့ မြန်နှုန်း အတိုင်း လေထီးခုန်နိုင်တဲ့သူလည်း ဖြစ်တယ်လို့ သူ့အဖွဲ့သားတွေက ပြောပါတယ်။

သူရဲ့မျက်နှာကာ ခေါင်းဆောင်း နှင်းခါးရိုက်သွားတာကြောင့် လေထီးခုန်မယ့် အစီအစဉ်ကို ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့ရတယ်လို့ New Mexico မှာ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လေထီး မပွင့်ခင် လေထဲမှာ လည်နေတာကြောင့် မနည်း ထိန်းခဲ့ရတယ်လို့လည်း သူက ဆိုသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။