BBC navigation

မိန်းကလေး ပညာသင်ခွင့် လှုပ်ရှားသူ ဆေးကုဖို့ ဗြိတိန် ရောက်

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 16:22 GMT
An Ambulance crew and their police escort await the arrival of Malala

ဘာမင်ဟမ် လေဆိပ်ကို ရောက်လာမယ့် မာလာလာကို အရေးပေါ် ကုသရေး အဖွဲ့နဲ့ ရဲတွေ စောင့်နေ

မိန်းကလေးတွေ ပညာ သင်ကြားခွင့် ရရေး လှုပ်ရှား ဆောင်ရွက်မှု လုပ်ဆောင် ပြီးတဲ့နောက် တာလီဘန် တွေ က ခေါင်းကို သေနတ်နဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဆယ်ကျော်သက်ရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ် ဇာအီဟာ ဆေးကုသမှု ခံယူဖို့ ဗြိတိန် နိုင်ငံကို လေကြောင်း ကနေ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို ဘာမင်ဟမ် မြို့က ဆေးရုံ တစ်ရုံဆီ ခေါ်သွားမှာ ဖြစ်ပါတယ်။

အဲဒီ ဆေးရုံမှာ ထိခိုက် ပျက်စီး သွားခဲ့တဲ့ မာလာလာရဲ့ ဦးခေါင်းခွံကို ခွဲစိတ်ပြီး ဦးနှောက်ကို ပုံမှန် အတိုင်း ပြန်လည် အလုပ် လုပ်နိုင်အောင် ကုသ ပေးမှု စတာတွေ လုပ်ဖို့ လိုတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန် နိုင်ငံ Swat တောင်ကြား ဒေသက သူ့ နေအိမ် ကနေ မာလာလာ ကျောင်းကို အသွား သေနတ်သမား တစ်ယောက်က သူ့ကို ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

တာလီဘန် တို့က မာလာလာ အသက် ရှင်မယ် ဆိုရင်လည်း သူတို့က ထပ်ပြီး တိုက်ခိုက် ဦးမှာပဲလို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။