BBC navigation

စီးပွားရေး နိုဘယ်လ် ဆု အမေရိကန် နှစ်ယောက်ဆွတ်ခူး

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 14:25 GMT
Alvin Roth and Lloyd Shapley

၂၀၁၂ ခုနှစ် အတွက် စီးပွားရေး နိုဘယ်ဆု ဆွတ်ခူး ခဲ့ကြသူ ပါမောက္ခ နှစ်ယောက်

၂၀၁၂ ခုနှစ် အတွက် စီးပွားရေး ဆိုင်ရာ နိုဘယ်လ် ဆုကို အမေရိကန် နိုင်ငံသား နှစ်ယောက် ဖြစ်တဲ့ အယ်လ်ဗင် ရော့သ်နဲ့ လွိုက် ရှိပ်လေ (Alvin Roth and Lloyd Shapley ) တို့ကို အပ်နှင်းလိုက် ပါတယ်။

ဆွီဒင် နိုင်ငံ အခြေစိုက် နိုဘယ်လ်ဆု ရွေးချယ်ရေး အကယ်ဒမီက သူတို့ နှစ်ယောက်ရဲ့ စီးပွားရေး ဆိုင်ရာ သီအိုရီနဲ့ ပတ်သက်ပြီး ဆုချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ သီအိုရီက စီးပွားရေး ကဏ္ဍ အတွင်း တွဲဘက်ညီတဲ့ အပိုင်း တွေမှာ ဆက်စပ် လုပ်ဆောင်ရေးနဲ့ အဲဒီ တွဲဘက် တွေစနစ် တကျ လက်တွဲ လုပ်ဆောင် နိုင်မယ့် စျေးကွက် ပုံစံ ဖော်ထုတ်ရေးကို စဉ်းစား တီထွင်ခဲ့ကြ တာဖြစ်ပါတယ်။

Stable allocations and the practice of market design သီအိုရီကို အသက် ၈၉ နှစ် အရွယ် ပါမောက္ခ ရှိပ်လေနဲ့ ပါမောက္ခ ရော့သ် တို့က လက်တွေ့ စမ်းသပ် လုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။