BBC navigation

မင်းသားကြီး သီဟာနု နှလုံးရောဂါနဲ့ ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 00:48 GMT

ကွယ်လွန်ပြီ ဖြစ်တဲ့ မင်းသားကြီး သီဟာနု

ကမ္ဘောဒီယားဟောင်း ဘုရင် Norodom Sihanouk ဟာ နှလုံးရောဂါနဲ့ တရုတ်နိုင်ငံ ဘေဂျင်းက ဆေးရုံ တရုံမှာ နှလုံးရောဂါနဲ့ လွန်သွားပါပြီ။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ဂ၉နှစ်ရှိပါပြီ။

ရှုတ်ထွေးလှတဲ့ ကမ္ဘောဒီယား နိုင်ငံရေးမှာ နှစ်ပေါင်း ၆ဝကျော် အဓိက နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ ခမာနီတွေက ကမ္ဘောဒီးယားကို မသိမ်းပိုက်ခင် သီဟာနုဟာ အတွက်အချက်မှားပြီး ခမာနီတွေနဲ့ မဟာမိတ် ပြုခဲ့သလို သူ့လက်ထက်မှာ အိမ်နီးချင်း ဗီယက်နမ်မှာ အမေရိကန် စစ်ပွဲ ဖြစ်ခဲ့တာကြောင့် သူ့နိုင်ငံဟာလည်း စစ်ထဲကျရောက်ခဲ့ပါတယ်။

၁၉၄၁ ခုနှစ်တုန်းက ပြင်သစ်က တင်မြှောက်ပေးခဲ့လို့ နန်းတက်ခဲ့ရတဲ့ သီဟာနုဟာ ၁၉၅၃ ခုနှစ်မှာ တိုင်းပြည်အတွက် လွတ်လပ်ရေး ပေးနိုင်ခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ်မှာတော့ သူ့ထီးနန်း အရိုက်အရာကို သူ့သားက ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။