BBC navigation

လစ်ဗျား ထောင်ဖောက်

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 00:56 GMT

လုံခြုံရေး အစီအမံတွေ ပြန်တင်းကျပ်ထား

လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့မှာ Al-Jadaida ထောင် ဖောက်မှု ဖြစ်ပွားခဲ့လို့ အကျဉ်းသား ၁၂ဝ လောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီ အထဲက တဝက်လောက်ကို ပြန်ဖမ်းမိထားပြီး အခုတော့ လုံခြုံရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ချထားတယ်လို့ အမျိုးသား လုံခြုံရေး အကြီးအကဲ Khaled al-Sharif က ပြောပါတယ်။

မနှစ်တုန်းက ဗိုလ်မှူးကြီး ကဒါဖီ ဆန့်ကျင်ရေး အုံကြွမှုမှာ ပါဝင် တိုက်ခိုက် ပေးခဲ့တဲ့ သူပုန်ဟောင်းတွေ လက်အောက်မှာ ရှိတဲ့ Al-Jadaida ထောင် အပါအဝင် နိုင်ငံ တလွှားက အကျဉ်းထောင် တော်တော်များများကို အာဏာပိုင်တွေက ပြန်လည် ထိန်းချုပ်ထား လိုက်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။