BBC navigation

ဥရောပဘဏ်တွေကို ဥရောပ ဗဟိုဘဏ်က ကြီးကြပ်ဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 01:00 GMT

ဥရောပ ငွေကြေး ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ ဂျာမနီနဲ့ ပြင်သစ် အကြား အကြီးအကျယ် သဘောကွဲလွဲခဲ့

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပနေတဲ့ ဥရောပ သမဂ္ဂနိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကနေ ထွက်လာတဲ့ သတင်းတွေအရ Euro ငွေ သုံးတဲ့ တိုင်းပြည်တွေမှာ ရှိတဲ့ ဘဏ်တွေအတွက် တခုတည်းသော ကြီးကြပ် ကွပ်ကဲသူအဖြစ် ဥရောပ ဗဟိုဘဏ်ကို ခန့်အပ်ထားရှိဖို့ သဘောတူချက် ရသွားပြီလို့ သိရပါတယ်။

ဘဏ်ပေါင်း ၆ထောင်လောက် ပါဝင်ပတ်သက်နိုင်ဘွယ် ရှိတဲ့ ဒီအစီအစဉ်ကို လာမယ့် နှစ်အတွင်း စတင် မယ်လို့ ယူဆရပါတယ်။

ဥရောပ ဆိုင်ရာ ဘီဘီစီ သတင်းထောက်က ဒါဟာ ဥရောပဇုံအတွင်း ဘဏ်လုပ်ငန်း ဆိုင်ရာ သမဂ္ဂတခု ဖွဲ့နိုင်ရေးအတွက် ပထမ ခြေလှမ်း ဖြစ်ကြောင်း ဒါပေမယ့်လည်း နောက်ထပ် ဆောင်ရွက်မယ့် အဆင့်ကဘာလဲ နောက်တဆင့် ဘယ်တော့ လုပ်မှာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့တော့ အသေအချာ မသိရသေးကြောင်း ပြောပါတယ်။

ဥရောပ ဒေသတွင်း ဖြစ်ပွားနေတဲ့ ငွေကြေးပြဿနာတွေ ကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး ဆက်တိုက်ကျင်းပခဲ့တဲ့ အစည်းအဝေးတွေထဲမှာ အခုနောက်ဆုံး ကျင်းပနေတဲ့ ဒီညီလာခံမှာ ဘယ်နည်း ဘယ်ပုံ အကောင်းဆုံး ရှေ့တိုး ဆောင်ရွက်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြင်သစ်နဲ့ ဂျာမနီအကြား အကြီးအကျယ် သဘောကွဲလွဲမှုတွေ ဖြစ်နေခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။