BBC navigation

M23 တပ်ဖွဲ့ဝင်တွေ အပေါ် ပိတ်ဆို့ အရေးယူဖို့ စီစဉ်

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 00:50 GMT

M23 တပ်ဖွဲ့ဝင်တွေ

ဒီမို ကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ အရှေ့ဖက်မှာ ပုန်ကန် ထကြွနေတဲ့ M23 တပ်ဖွဲ့ဝင်တွေ အပေါ် ပိတ်ဆို့ အရေးယူဖို့ စီစဉ် နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြောပါတယ်။

M23 အဖွဲ့ ခေါင်းဆောင်တွေနဲ့ အဲဒီ နိုင်ငံကို လက်နက် မရောင်းဝယ်ရဘူး ဆိုတဲ့ ပိတ်ပင်တားမြစ်ချက် ချိုးဖောက်သူတွေကို ပစ်မှတ်ထား အရေးယူ မှုတွေ လုပ်မယ်လို့ လုံခြုံရေး ကောင်စီ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ကွန်ဂို အရှေ့ပိုင်းက တပ်ဖွဲ့တွေကို လက်နက်နဲ့ အင်အား ထောက်ပံ့တယ်လို့ မကြာခဏ စွပ်စွဲ ပြောဆို ခံနေရတဲ့ အိမ်နီးချင်း ရဝမ်ဒါ ဒါမှမဟုတ် ယူဂန်ဒါ တို့ကိုတော့ ဒီလုံခြုံရေး ကောင်စီရဲ့ အရေးယူမဲ့ စာရင်းထဲမှာ တိတိလင်းလင်း ဖော်ပြထားတာ မတွေ့ရပါဘူးလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။