BBC navigation

လက်ဘနွန် ဝန်ကြီးချုပ် ရာထူး ဆက်ယူမယ်

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 15:48 GMT
Lebanon Blast

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ ရသူတွေ အတွက် ဝမ်းနည်းခြင်း အဖြစ် တရက် သတ်မှတ် ပေးထားပါတယ်

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ သောကြာ နေ့က ကြီးမားတဲ့ ကားဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ တာကြောင့် ပြည်တွင်း ထောက်လှမ်း ရေး အရာရှိချုပ် ဝီဆမ် ဟတ်ဆန် အပါအဝင် လူပေါင်း ၈ ဦး သေဆုံး သွားခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီ၊ ရာထူးက နှုတ်ထွက်မယ်လို့ ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့်လည်း သမ္မတ မီချဲလ် ဆူလီမန်းရဲ့ မေတ္တာ ရပ်ခံချက်နဲ့ မစ္စတာ မီတာတီဟာ ဝန်ကြီးချုပ် ရာထူး ဆက်ယူထား မယ်လို့ ပြောပါတယ်။

စနေနေ့က ပြုလုပ်တဲ့ လက်ဘနွန် အစိုးရ ဝန်ကြီးတွေရဲ့ အရေးပေါ် ကက်ဘိနက် အစည်း အဝေးမှာ မစ္စတာ မီကာတီက သူရာထူးက နှုတ်ထွက်မယ်ဆိုပြီး ပြောကြား သွားတာ ဖြစ်ပါ တယ်။

သမ္မတ ကတော့ အကောင်းဆုံး ဖြစ်အောင် ဆွေးနွေး အဖြေရှာ သွားမယ်လို့ တုံ့ပြန် ပြောကြားပြီး မစ္စတာ မီကာတီကို တိုင်းပြည် အကျိုးကို ကြည့်ပြီး ရာထူး ဆက်ယူထားဖို့ မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းခြင်း အဖြစ် တရက် တာ သတ်မှတ် ပေးထားပါတယ်။

ဗုံးဖေါက်ခွဲမှု ပြုလုပ် သူတွေကို အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်း ကနေ ပြစ်တင် ရှုတ်ချမှုတွေ ပြုလုပ် ခဲ့ပါတယ်။

ဆီးရီးယားကို ဆန့်ကျင်သူတွေ ကတော့ ဒါဟာ ဆီးရီးယား ရဲ့ လက်ချက်ဆိုပြီး ပြစ်တင် ပြောဆိုကြပါတယ်။

ဆီးရီးယားကို ကန့်ကွက် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေလည်း သောကြာနေ့ညက တညလုံး လိုလို လက်ဘနွန် နိုင်ငံ မြို့ အတော်များများမှာ ဖြစ်ပွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။