BBC navigation

လစ်ဗျား မှ ဖမ်းဆီးစရင်းဝင်သူ

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 01:06 GMT
_ibrahim_304x171

ဗိုလ်မှူးကြီး ဂဒါဖီ ရဲ့ပြောခွင့်ရ မူဆာ အီဗရာဟင်

လစ်ဗျားနိုင်ငံ မှာ အလိုအရှိဆုံးလူ အဖြစ် ဖမ်းဆီး စရင်းဝင်သူ လစ်ဗျား ခေါင်းဆောင် ဟောင်း ဂဒါဖီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မူဆာ အီဗရာဟင် ကို ဖမ်းမိပြီ ဖြစ်တဲ့ အကြောင်း ဝန်ကြီးချုပ်ရုံး က ပြောပါတယ်။

ဒါပေမယ့် ထိတ်တန်း လစ်ဗျားစစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက် ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ ဖမ်းမိတဲ့ ဓါတ်ပုံ၊ ခိုင်လုံတဲ့ အထောက်အထား ရယ်လို့ ဘာမှ မတွေ့ရသေးတဲ့ အကြောင်းဘီဘီစီ ကို ပြောပါတယ်။

ဝန်ကြီးချုပ်ရုံး က ထုတ်ပြန်တဲ့ မူရင်းကြေငြာချက်မှာတော့ မူဆာ အီဗရာဟင် ဟာ ဗိုလ်ချုပ်ကြီး ဂဒါဖီ ရဲ့ နောက်ဆုံး ခြေကုတ်စခန်းတွေ အနက် တခုအပါအဝင် ဖြစ်တဲ့ ဘန်နီ ဝါလစ် မြို့ကနေ ထွက်ပြေးဖို့ ကြိုးစားရာမှာ အစိုးရ တပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတာ လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် နောက်ဆုံးထွက်ပေါ် လာတဲ့ သတင်း တပုဒ်မှာတော့ လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မူဆာ အီဗရာဟင် လို့ ဆိုသူ တယောက်ရဲ့ အသံဟာ အင်တာနက်ပေါ် တက်လာယင်း သူဟာ လစ်ဗျားနိုင်ငံ မှာတောင် မရှိတော့ဘူး လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။