BBC navigation

ကုလသမဂ္ဂနဲ့ အာဖရိကသမဂ္ဂ ရုံးဖွင့်

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 01:13 GMT

မာလီ သမ္မတ Dioncounda Traore

အစ္စလာမ် ဝါဒီ တပ်ဖွဲ့တွေ လက်ကနေ ပြန်လည် ရယူခဲ့တဲ့ မာလီ မြောက်ပိုင်းမှာ ပူးတွဲ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်အောင် ကုလသမဂ္ဂနဲ့ အာဖရိက သမဂ္ဂ တို့ဟာ မြို့တော် ဘာမကိုမှာ ဌာနေ ရုံးဖွင့်ဖို့ ပြင်နေပြီလို့ သိရပါတယ်။

မာလီ အရေးနဲ့ ပတ်သက်လို့ ဘာမကို မြို့မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတဲ့ အစည်းအဝေးမှာ ဒီကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ တကယ့်ကို အရေးတကြီး ဖြစ်ပြီး နိုင်ငံမြောက်ပိုင်းကို တစက္ကန့်တောင် နောက်ကျပြီး လက်လွှတ် အဆုံးမခံနိုင်ဘူးလို့ မာလီ သမ္မတ Dioncounda Traore က ပြောပါတယ်။

မာလီမြောက်ပိုင်းကို နိုင်ငံတကာ တပ်ဖွဲ့တွေက စစ်ရေး အရ ဝင်ရောက် နိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်းက အစ္စလာမ် ဝါဒီ အဖွဲ့တွေထဲက အန်ဆာ ဒီးန် အဖွဲ့ကတော့ အဲဒီ ဒေသတွင်းမှာ စစ်ပွဲ ဖြစ်ရလောက်အောင် မာလီ အစိုးရက ဖန်တီးနေတယ်လို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။