BBC navigation

လက်ဘနွန် ဗုံးခွဲမှု စစ်ဆေးရေး ကန်ပါလို

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 04:15 GMT
lebanon

ဗုံးခွဲမှု နောက်ကွယ် ဆီးရီးယား ပါတယ် စွပ်စွဲ

လက်ဘနွန်မှာ ကားဗုံးကြောင့် ပြည်တွင်း ထောက်လှမ်းရေး အရာရှိချုပ် သေဆုံး ရမှု ကို စစ်ဆေး ဖော်ထုတ် ဖို့ လက်ဘနွန် အစိုးရကို ကူညီမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။

လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တယ်လီဖုန်း ဆက်ပြီး ဗိုလ်ချုပ်ကြီး အယ်လ် ဟတ်ဆန် ကို သတ်ဖြတ်မှုကို ရှုတ်ချ ကြောင်း ပြောဆို ခဲ့ပါတယ်။

မစ္စစ် ကလင်တန်ဟာ ဆီးရီးယား သမ္မတ ဘရှား အာဆတ် ကို ပြင်းပြင်း ထန်ထန် ဝေဖန် နေသူ ဖြစ်ပါတယ်။

ဘေရွတ် မြို့လယ်မှာ ဗိုလ်ချုပ်ကြီး ဝစ်ဆမ် အဲလ် ဟတ်ဆန်ရဲ့ အသုဘ ကို ပို့ဖို့ ရောက်လာကြသူတွေက ဒေါသ တကြီးနဲ့ မြို့လယ်က အစိုးရ ဌာနချုပ် ကို ချီတက် ဆန္ဒပြဖို့ ကြိုးစားခဲ့ကြ ပေမယ့် လက်ဘနွန် အတိုက်အခံ ခေါင်းဆောင် ဆတ် အဲလ် ဟာရီရီက အခြေအနေ တည်ငြိမ်အောင် ဖြန်ဖြေ ပေးခဲ့ ပါတယ်။

ဒီဗုံးခွဲမှု နောက်ကွယ်မှာ ဆီးရီးယား ပါဝင်တယ် လို့ စွပ်စွဲနေကြတဲ့ လက်ဘနွန် အတိုက်အခံ တွေက အစိုးရ အနေနဲ့ ဗိုလ်ချုပ်ကြီး ဟတ်ဆန်ကို အကာ အကွယ် မပေးနိုင်ခဲ့ဘူး ဆိုပြီး ဝန်ကြီချုပ် နာဂျစ် မီကာတီကို အပြင်းအထန် ဝေဖန် နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။