BBC navigation

စက်ဘီး ချန်ပီယံ ဆု ၇ ဆုလုံး အမ်းစထရောင်း ပယ်ခံရ

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 15:34 GMT
Cylist Lance Armstrong

စက်ဘီး လောကမှာ အမ်းစထရောင်း အတွက် နေရာ မရှိတော့

ကမ္ဘာ့ စက်ဘီစီး ပြိုင်ပွဲ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က အမေရိကန် စက်ဘီး သမား လန့်စ် အမ်းစထရောင်း Lance Armstrong ကို သူ အနိုင် ရခဲ့တဲ့ ချန်ပီယံ ဘွဲ့တွေ အားလုံးကို ရုပ်သိမ်းပြီး သူ့ကို ပြိုင်ပွဲ တွေကနေ ထာဝရ ပိတ်ပင် လိုက်ပြီလို့ ကြေညာ လိုက် ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ တားမြစ် ဆေးဝါး သုံးစွဲမှု စုံစမ်းရေး အေဂျင်စီရဲ့ တွေ့ရှိချက် တွေကို ကမ္ဘာ့ စက်ဘီး သမဂ္ဂက လက်ခံကြောင်း ပြောပါတယ်။

အဲဒီ အေဂျင်စီက မစ္စတာ အမ်းစထရောင်းဟာ အားကစား လောကမှာ ခေတ်အမီဆုံးသော ထိပ်တန်း ဆေးဝါး တွေကို သုံးစွဲ ခဲ့တယ်လို့ စွပ်စွဲတာ ဖြစ်ပါတယ်။

ဂျနီဗာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမဂ္ဂ အကြီးအကဲ ပက် မကွစ်တ် Pat McQuaid က စက်ဘီး ပြိုင်ပွဲမှာ မစ္စတာ အမ်းစထရောင်း အတွက် နေရာ မရှိတော့ဘူး၊ သူ့ကို မေ့ထားဖို့ပဲ ထိုက်တန်တယ်လို့ ပြောပါတယ်။

တားမြစ် ဆေးဝါး သုံးစွဲခြင်း မပြုပါဘူးလို့ ငြင်းဆိုနေ တုန်း ဖြစ်တဲ့ လန့်စ် အမ်းစထရောင်း ဟာ ၁၉၉၉ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အတွင်း ပြင်သစ် နိုင်ငံ ကို ဖြတ်ကျော် စက်ဘီးစီး ယှဉ်ပြိုင်ခဲ့တဲ့ Tour de France ပြိင်ပွဲမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံဆိုတဲ့ ဆု ၇ ဆုလုံးကို ဆုံးရှုံး သွားမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။