BBC navigation

ဘိုရှီလိုင်ကို ပါလီမန်ကမထုတ်ဖို့ တောင်းဆို

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 11:30 GMT

တရုတ် ပါလီမန် ကနေပါ ထုတ်ပစ် လိုက်မယ် ဆိုရင်တော့ မစ္စတာ ဘိုရှီလိုင်ဟာ အကာ အကွယ်မဲ့သွားမယ်

တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း အရာရှိ ဟောင်းတွေနဲ့ ပညာရှင် စုစုပေါင်း ၃၀၀ ကျော် ဟာ နာမည်ပျက် ရှိနေတဲ့ နိုင်ငံရေးသမား ဘိုရှီလိုင်ကို ပါလီမန် ကနေ မထုတ်ပစ်ဖို့ အိတ်ဖွင့်ပေးစာ တစောင် ရေးသားပြီး တရုတ်ပါလီမန်ကို တောင်းဆို လိုက်ပါတယ်။

ဘိုရှီလိုင်ကို ပါလီမန်ကနေ ထုတ်ပစ်မယ်ဆိုရင် ဒါဟာ နိုင်ငံရေး အရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်ပြီး၊ ဥပဒေကြောင်း အရလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ အဲဒီစာထဲမှာ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြီးမားဆုံး နိုင်ငံရေး အရှုပ်တော်ပုံရဲ့ အဓိက ဇာတ်ဆောင်ဟာ မစ္စတာဘို ဖြစ်နေပြီး၊ သူ့ကို အာဏာ အလွဲသုံးစား လုပ်မှု အပါအဝင် အဂတိ လိုက်စားမှု တွေနဲ့ ကွန်မြူနစ် ပါတီ ကနေ ပြီးခဲ့တဲ့လက ထုတ်ပယ် လိုက်တာ ဖြစ်ပါတယ်။

အခုတခါ သူ့ကို တရုတ် ပါလီမန် ကပါ ထုတ်ပစ် လိုက်မယ် ဆိုရင်တော့ မစ္စတာ ဘိုရှီလိုင်ဟာ တရားစွဲ မခံအောင် အကာအကွယ် ရှိနေရာ ကနေ အခုတော့ အကာ အကွယ် မဲ့သွား တော့မှာ ဖြစ်ပါတယ်။

မစ္စတာ ဘိုဟာ ပြီးခဲ့တဲ့ နှစ်က ဗြိတိသျှ စီးပွားရေး သမား တဦး အသတ်ခံ ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ဇနီးဖြစ်သူ ဂူကိုင်လိုင်နဲ့ တခြား ရဲ အရာရှိ တဦးကို အဲဒီအမှု ကိစ္စနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ ပြီးလည်း ဖြစ်ပါတယ်။

အခုလို အရှုပ်အရှင်းတွေ မဖြစ်ခင် အချိန် အထိတော့ ဘိုရှီလိုင်ဟာ ထိပ်တန်း ပါတီ ခေါင်းဆောင် နေရာ တခု အတွက် အဓိက လျာထား ခံရသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။