BBC navigation

ဆိုဗီယက်ကျူးကျော်မှု ၅၆ နှစ်ပြည့် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 02:19 GMT
 Viktor Orban

ဘယ် နိုင်ငံခြား ခိုင်းစေမှု ကိုမှ နာခံ မှာ မဟုတ်

ဟန်ဂေရီ နိုင်ငံ ဘူဒါပက် မြို့တော်က အစိုးရ ဆန့်ကျင်ရေး နဲ့ ထောက်ခံ ဆန္ဒပြပွဲကြီး တွေမှာ လူ သောင်းနဲ့ချီပြီး ဆင်နွှဲ ခဲ့ကြပါတယ်။

ဆိုဗီယက် ကျူးကျော်မှု ကို ဆန့်ကျင် ခဲ့တဲ့ ၁၉၅၆ ခုနှစ် ဟန်ဂေရီ အရေးအခင်း ၅၆ နှစ် ပြည့်တဲ့ အချိန်လဲ ကျရောက် နေပါတယ်။

သူ့ ထောက်ခံသူ တွေကို မိန့်ခွန်း ပေးရာမှာ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်းက သူ့ အနေနဲ့ ဘယ် နိုင်ငံခြား ခိုင်းစေမှု ကိုမှ နာခံ မှာ မဟုတ်ဘူး ဆိုပြီး ဟန်ဂေရီကို အသုံးစရိတ် လျှော့ချဖို့ ဖိအား ပေးနေတဲ့ ဥရောပ သမဂ္ဂ ကို ဝေဖန် ခဲ့ပါတယ်။

တခြား ဆန္ဒပြ ပွဲ တပွဲမှာတော့ မစ္စတာ အောဘန် အစိုးရကို ဖြုတ်ချဖို့ မဟာမိတ် အဖွဲ့သစ် ဖွဲ့လိုက်ပြီ ဆိုပြီး ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘိုင်နိုင်က ကြေညာ ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။