BBC navigation

အီတလီ မြေငလျင် အရာရှိတွေကို ထောင်ချ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 01:33 GMT

၂ဝဝ၉ ခုနှစ်တုန်းက အီတလီ မြေငလျင်ဒဏ်ခံရ

အီတလီမှာ ငလျင်တိုင်းတာရေး အရာရှိ ခြောက်ယောက်နဲ့ အစိုးရ အရာရှိ တယောက်ကို ငလျင် အန္တရာယ် ခန့်မှန်းမှုနဲ့ ပတ်သက်လို့ လျော့ပေါ့ မှားယွင်းစွာ တွက်ဆမှုနဲ့ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ ပါတယ်။

၂ဝဝ၉ ခုနှစ်တုန်းက အီတလီ အလယ်ပိုင်း လာကွီးလားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူသုံးရာကျော် သေဆုံးခဲ့ရပြီး အဲဒီ အဖြစ်အပျက် နှစ်ပတ်လည် မတိုင်ခင် ရက်ပိုင်း အလိုမှာ အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ခုပြစ်ဒဏ်ကျခံရသူတွေဟာ ငလျင်နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ရာမှာ စိတ်ချ လက်ချ ရှိနေလွန်းပြီး လုံခြုံရေး အရ မှားယွင်းတဲ့ အဓိပ္ပာယ် သက်ရောက်အောင်လည်း ဖန်တီး ခဲ့ကြတယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒါပေမယ့် အခု ထောင် ခြောက်နှစ် ပြစ်ဒဏ် ချခံရသူတွေကတော့ ငလျင်လှုပ်မယ့် အချိန် အတိအကျကို ထုတ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ တုန့်ပြန် ငြင်းချက် ထုတ်ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။