BBC navigation

အငြင်းပွား ကျွန်းစုတွေဆီ ကိုရီးယား သွားရောက်

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 15:48 GMT
Dokdo or Takeshima

ဒီကျွန်းစုတွေကို တောင်ကိုရီးယား တို့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်

တောင်ကိုရီးယား ဂျပန် ၂ နိုင်ငံ အကြား သူပိုင် ငါပိုင် ကာလ ကြာရှည် အငြင်းပွား နေတဲ့ ကျွန်းစုတွေရဲ့ အဓိက ဗဟို ချက်မ နေရာကို တောင်ကိုရီးယား နိုင်ငံရေး သမားတွေ အလည် အပတ် သွားရောက်ခဲ့ ပါတယ်။

တောင်ကိုရီးယား ပါလီမန်ရဲ့ အမျိုးသား ကာကွယ်ရေး ကော်မတီ က အဖွဲ့ဝင် တွေဟာ ဂျပန် ပင်လယ်ထဲက ကျောက်ဆိုင်တွေ ထူပေါလှတဲ့ ဒီကျွန်းစု နေရာတွေကို စစ်ရဟတ်ယာဉ် တွေနဲ့ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ကတော့ အခုလို သွားရောက်မယ် ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက် လိမ့်မယ်လို့ တင်ကြို သတိပေးထား ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အရာရှိတွေ ကတော့ ဒါဟာ လုံခြုံရေး စီမံ ဆောင်ရွက်မှု တွေကို စစ်ဆေးဖို့ သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုရီးယားလို ဒေါ့ခ်ဒို ဂျပန်လို တာကီရှီးမား လို့ခေါ်တဲ့ ဒီကျွန်းစုတွေကို တောင်ကိုရီးယား တို့က ထိန်းချုပ်ထားတာ ဖြစ်ပြီး၊ နှစ်နိုင်ငံ စလုံး ကတော့ သူပိုင် ငါပိုင် ကြေညာ ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။