BBC navigation

Rosneft ကမ္ဘာအကြီးဆုံး ရေနံကုမ္ပဏီ ဖြစ်လာ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 01:17 GMT

ရို့စ် နက်ဖ် အလံ

ရုရှား အစိုးရပိုင် စွမ်းအင် ကုမ္ပဏီ Rosneftဟာ ပုဂ္ဂလိကပိုင် TNK-BP ကို ဝယ်ဖို့ သဘောတူညီမှု ရသွားတာကြောင့် ရိုဇ်နက်ဖ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အများပိုင် ရေနံကုမ္ပဏီကြီး ဖြစ်လာတော့မှာပါ။

ဒီသဘောတူချက် အရ ဗြိတိန်က စွမ်းအင် ကုမ္ပဏီ ဘီပီက TNK-BPမှာ ရှိတဲ့ သူပိုင် ရှယ်ယာ ငါးဆယ် ရာနှုန်းအတွက် ငွေသား ပြန်ရမှာ ဖြစ်တဲ့ အပြင် ရို့ဇ်နက်ဖ် မှာလည်း ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်း ပါမယ့် အပြင် ဒါရိုက်တာ ဘုတ် အဖွဲ့မှာလည်း နှစ်နေရာ ရမှာ ဖြစ်ပါတယ်။

အခုလို ဘီပီက ရုရှားပိုင် ရို့ဇ်နက်ဖ်မှာ ပါ၀င်လာမှုဟာ နောက်ပိုင်းမှာ ရုရှားနဲ့ ပေါင်းပြီး အာတိတ် သမုဒ္ဒရာအတွင်း ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပူးပေါင်း ရှာဖွေ ထုတ်လုပ်ဖို့ လမ်းဖွင့် ပေးလိုက်သလိုဘဲလို့ ကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။